Chapter [14]

1.3K 159 2
                                    

Translated by Melinoe_Megami

[Unicode]

အခန်း (၁၄) - နတ်မိမယ်

အလှစစ်ဟူသည် အရေပြားပေါ်မှ အပေါ်ယံအလှ မဟုတ်။

ချင်းချုံဟန်သည် နတ်မိမယ်ချင်းယန်ဟူသော ဇာတ်ကောင်အတွက် ထင်ရှားကျော်ကြားသော သရုပ်ဆောင်များစွာကို လူရွေးဝင်ဖြေရန် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် တစ်ဦးမှ သူ့ရဲ့စိတ်ကူးနှင့် ထပ်တူမဖြစ်ခဲ့ပေ။

အမတအရှင်၊ နတ်ဘုရားမ၊ နတ်မိမယ် စသည်ဖြင့် ဒဏ္ဍာရီလာပြယုဒ်များကို နံရံဆေးရေးပန်းချီ၊ ရှေးဟောင်းပန်ချီကားများတွင် မြင်တွေ့ခဲ့ဖူးသလို ၎င်းတို့သည် အချိန်ကာလ၏ တိုက်စားမှုကြောင့် မှေးမှိန်နေပါသော်လည်း ရုပ်ပုံများမှ မသေမျိုးနတ်ဘုရားတို့၏ အငွေ့အသက်ကို စီးမျောခံစားနိုင်ဆဲ။ အနှီခံစားချက်ကား ထိုရုပ်ပုံတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လေးစားရိုကျိုးဖွယ်ရာ၊ တမ်းတဖွယ်ရာ အငွေ့အသက်မျိုး ခံစားနေရခြင်းပင်။ အလှအပတစ်ခုတည်း ဖော်ကျူးထားခြင်းမဟုတ်ပေ။

အခန်းတံခါးဝမှ နဉ်ရှီ ပေါ်ထွက်လာချိန်၊ ချင်းချုံဟိုင်သည် နောက်ဆုံးတော့ ရုပ်ပုံပန်းချီကားထဲမှ နတ်မိမယ်တို့၏ အငွေ့အသက်မျိုး ခံစားလိုက်ရလေ၏။

နဉ်ရှီ ဝင်ရောက်လာချိန် ကျိုးဟိုင်လီပင် တစ်ခဏမျှ ငေးမောနေခဲ့သည်။ ချင်းချုံဟိုင်ကို လှည့်ကြည့်လိုက်ပြီး ထိုလူ၏အမူအရာအရ နဉ်ရှီကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

နဉ်ရှီခမျာ အခန်းထဲ ဝင်သွားရုံသာရှိသေးသည်။ ချင်းချုံဟိုင်ပြောလိုက်သည့် ‘လူရွေးပွဲမရှိတော့ဘူး’ ဟူသောစကားကြောင့် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့၏။ သို့သော် တည်ငြိမ်စွာဖြင့် ချင်းချုံဟိုင်ကို စိုက်ကြည့်နေခဲ့သည်။

သူမရဲ့ဟန်ပန်က ချင်းချုံဟိုင်အတွက် လူရွေးပွဲတောင် ဖြေခွင့်မပြုနိုင်သည်အထိ ညံ့ဖျင်းနေ၍လော။

တစ်ဖက်မှာတော့ စိတ်လှုပ်ရှားနေသည့် ချင်းချုံဟိုင်သည် လက်နှစ်ဖက်ကို ဝမ်းသာအားရ ပွတ်သပ်လိုက်ရင်း.. “ဟိုင်လီ.. ဒီနေ့ မင်းအပေါ် အကြွေးအကြီးကြီး တင်သွားပြီ.. နောက်နေ့ ထမင်းဝယ်ကျွေးမယ်..” ထိုသို့ပြောရင်း နဉ်ရှီဘက်သို့ စိတ်အားထက်သန်စွာ လှည့်ကြည့်လိုက်သည်။ “မင်းနာမည်က နဉ်ရှီနော်.. သရုပ်ဆောင်ပညာကို စနစ်တကျ လေ့ကျင့်ဖူးလား..?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now