Translated by Melinoe_Megami
[Unicode]
အခန်း - (၄၈)
ပွဲဦးထွက်ပြီး တစ်နှစ်အကြာမှာပင် ‘အကောင်းဆုံး ဇာတ်ပို့ဆု အမျိုးသမီးသရုပ်ဆောင်ဆု’ ရရှိခဲ့သော မင်းသမီးတစ်ယောက် အနေဖြင့် နဉ်ရှီသာ တမင်သပ်သပ် ပြဿနာမရှာလျှင် သူမ၏အောင်မြင်မှုက အနည်းနှင့်အများဆိုသလို သေချာနေပြီဖြစ်သည်။
နဉ်ရှီအား မေးခွန်းမေးလာသော အခမ်းအနားမှူးသည် နာမည်ကြီး Talk Show တစ်ခုမှ နာမည်ကျော် စီစဉ်တင်ဆက်သူတစ်ဦး ဖြစ်၏။ သူက ဧည့်သည်များ၏ အတွေး၊ ခံစားချက်များကို နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းလေ့ရှိသည်။ ထို့ကြောင့် သူမကို တားဆီးကာ မေးခွန်းမေးလာချိန်တွင် နဉ်ရှီသည် အံ့ဩသွားသော်ငြား မငြင်းဆန်ခဲ့ပေ။
တကယ်တော့ မျက်နှာသစ်သရုပ်ဆောင်တစ်ဦးအား တားဆီးကာ မေးခွန်းမေးလိုက်ခြင်းက အနှီသရုပ်ဆောင်ကို ပိုမိုထင်ပေါ်အောင် အခွင့်အရေး ပေးလိုက်ခြင်းသာ။ ထို့အပြင် သူမေးလိုက်သော မေးခွန်းသည်လည်း နဉ်ရှီအတွက် သိပ်မခက်ခဲသလို၊ သင့်တင့်လျောက်ပတ်စွာ ပြန်ဖြေနိုင်ခဲ့လျှင် နဉ်ရှီ၏ အောင်မြင်မှုကိုပင် တိုးပွားလာစေလိမ့်မည်။
“ပရိသတ်တွေရဲ့ ဝေဖန်မှုဆိုတာ အာရုံစိုက်ခံရခြင်းတစ်မျိုးပါပဲ.. အဲ့လိုမျိုး ဝေဖန်ပေးကြလို့လည်း ကျွန်မ ပိုကြိုးစားခဲ့သလို ဒီခရီးလမ်းကို ရှေ့ဆက်လျှောက်နိုင်ခဲ့တာပါ..” နဉ်ရှီက ရိုးသားစွာ ပြုံးလိုက်သည်။ “ပြီးတော့ ‘အလှပန်းအိုး’ ဆိုတဲ့ စကားလုံးကို မကောင်းတဲ့စကားလုံးလို့ မတွေးခဲ့ပါဘူး.. ကျွန်မရဲ့ရုပ်ရည်ကို ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ..”
သူမ ထိုမေးခွန်းကို မကြိုက်လျှင်ပင် သိက္ခာရှိရှိ ဖြေကြားရမည်ပင်။
စီစဉ်တင်ဆက်သူသည် နဉ်ရှီ၏အဖြေကို ချီးကျူးလာခဲ့၏။ “မင်းရဲ့သရုပ်ဆောင်ပိုင်နိုင်မှုက ကံကောင်းတာမဟုတ်ဘဲ ကြိုးစားမှုရဲ့ ရလဒ်လို့ ဖော်ပြလိုက်တာပါပဲ.. ဒီဆုကို ရရှိခဲ့တဲ့အတွက် ထပ်ပြီးဂုဏ်ပြုပါတယ်..”
YOU ARE READING
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️
FantasyOriginal Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(completed) I do not own any of this novel. All credits go to original author. Collaborative Work!!!