Chapter [60]

1K 143 14
                                    

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၀)

နဉ်ရှီ ရှိနေ၍လား မပြောတတ်၊ ချန်းရှီကွေ့တစ်ယောက် ယနေ့ညတွင် ထင်မှတ်မထားအောင် နူးညံ့နေပြီး ပြောရဆိုရ လွယ်ကူနေကြောင်း လူတိုင်း သတိပြုမိလိုက်သည်။ တချို့အချိန်များဆိုလျှင် ချန်းရှီကွေ့နှင့် နဉ်ရှီတို့ လက်ချင်းယှက်နေတာကို သွားသွားကြည့်မိပြီး အမှုမဲ့အမှတ်မဲ့ ခွေးစာစားကြရပြန်သည်။

သို့နှင့် တွေ့ဆုံပွဲက ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားခဲ့လေ၏။ စုံတွဲကြားမှ အချစ်ရိပ်ကြင်နာရိပ်များကို ထိုင်ကြည့်နေခဲ့ရသော်လည်း နဉ်ရှီဟာ ချန်းရှီကွေ့အတွက် မည်မျှအရေးကြီးကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့လေသည်။

သူတို့၏ အသိုင်းအဝိုင်းထဲတွင် ရုပ်ရှင်သရုပ်ဆောင်များနှင့် ချစ်ကြိုက်သူ အများအပြားရှိသော်လည်း အတော်များများကတော့ အပျော်အပျက်သာ။ တချို့သာ အတည်သဘောထားကြသည်။ နဉ်ရှီအပေါ် ပြုမူဆက်ဆံပုံများကို ကြည့်ရုံမျှဖြင့် ချန်းရှီကွေ့က ဤ relationship ကို အလေးအနက်ထားမှန်း သူတို့ အတပ်ပြောနိုင်ခဲ့သည်။

“အစ်ကိုချန်းက ပုံမှန်ဆိုရင် တိတ်ဆိတ်နေရောပဲ.. အခုတော့ တစ်ချိန်လုံး တက်ကြွနေပုံများ..” ချောင်မန်က ဟိုတယ်ဝင်ပေါက်တွင် မတ်တပ်ရပ်လိုက်ရင်း နဉ်ရှီအတွက် ကားတံခါးဖွင့်ပေးနေသော ချန်းရှီကွေ့ကို စပ်စုနေခဲ့သည်။ သူတို့နှစ်ယောက်လုံး ကားထဲဝင်ပြီးနောက် ကားက ဟိုတယ်ထဲမှ ဖြည်းညင်းစွာ ထွက်သွားတော့သည်။ “ဒီသတင်းသာ ပျံ့နှံ့သွားရင်ဖြင့် သူဌေးကတော်ကြီးတွေ အတင်းတုပ်စရာ ထပ်တိုးပြီပဲ..”

ချန်းရှီကွေ့သည် လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံးလူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး သူ၏ အောင်မြင်မှုများကြောင့် လူအများ မုန်းတီးကြသည်အထိ။ ထိုလူများသာ ချန်းရှီကွေ့ မင်းသမီးတစ်ယောက်နှင့်တွဲနေမှန်း သိသွားကြလျှင် နောက်ကွယ်၌ ဟားတိုက်လှောင်ရယ်နေကြမည်ပင်။

“အတင်းတုပ်တော့ရော ဘာဖြစ်လဲ..?” ထောင်ရှန်းရန်က မျက်ခုံးပင့်ကာ.. “သူတို့က အစ်ကိုချန်းရဲ့ နောက်ကွယ်မှာသာ အတင်းတုပ်ရဲကြတာပါ.. မျက်နှာချင်းဆိုင်တွေ့လိုက်တာနဲ့ အပြေးသွားပြီး မျက်နှာမလုပ်တဲ့လူ ဘယ်သူရှိလို့လဲ..?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now