Chapter [55]

1K 133 4
                                    

[Unicode]

“မစ္စတာချန်း...” ချန်းရှီကွေ့၏ဘေးတွင်ထိုင်နေသူက ‘Tán Hǎixiān jì’၏ နောက်ထပ်ရင်းနှီးမြှုပ်နှံသူပင်။ ချန်းရှီကွေ့က ဒီအမျိုးသမီးသရုပ်ဆောင်အပေါ် စိတ်ဝင်စားနေပေမယ့် အောင်အောင်မြင်မြင် မလိုက်နိုင်သေးကြောင်း ‌‌ ကောလာဟလ‌တွေကြားခဲ့ဖူးသည်မှာ ကြာလှပြီ။ ဤအကြောင်းအရာကြောင့် သူတို့၏လူမှုအသိုင်းအဝိုင်းတွင် ချန်းရှီကွေ့ကို အများကပင် ‌ပြက်ရယ်ပြုခဲ့ကြသေးသည်။ “ဒီအမျိုးသမီးသရုပ်‌ဆောင်က ရိုက်ကွင်းမှာဆို အရမ်းအလုပ်ကြိုးစားတယ်လို့ ပရိုဂျူဆာက ကျုပ်ကို အရင်က ပြောဖူးတယ်။ ချင်းချုံဟိုင်က သူ့ကိုဘာလို့သဘောတွေ့နေလဲဆိုတာ မထူးဆန်းတော့ပါဘူးဗျာ”

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို စိတ်ဝင်စားနေသောအခါ လူတွေက သူမကို ချီးမွမ်းဂုဏ်ပြုကြလျှင် သူမကိုပိုးပန်းနိုင်ခြင်းရှိမရှိကို ပဓာနမထားဘဲ သူလည်းပဲပျော်ရွှင်ရသည်ပင်။ ဤသည်က သူကြိုက်သောအရာကို အသိအမှတ်ပြုခြင်းပင်။

အသေအချာပင်...ချန်းရှီကွေ့က သူ့စကားတွေကြောင့် မသိစိတ်အရ ပြုံးလိုက်၏။ “နဉ်ရှီက အဲ့လိုပဲလေ။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ သူမက ဘာပဲလုပ်လုပ် တတ်နိုင်သလောက် အကောင်းဆုံးလုပ်တာ...”

ရင်းနှီးမြှုပ်နှံသူက ဒီသရုပ်ဆောင်ဟာ တကယ်ကိုစွမ်းဆောင်နိုင်တာပဲလို့ သူ့ကိုယ်သူပြန်တွေးရင်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ချန်းရှီကွေ့၏ အသံနေအသံထားကို ကြည့်ရုံနဲ့တင် နူးညံ့ညင်သာမှုက ယိုစိမ့်လာတာကို တွေ့နိုင်ပေသည်။

ကျင်းမိသားစုနှင့်ပိုင်မိသားစုမှ သခင်မလေးတွေက ချန်းရှီကွေ့ကို စိတ်ဝင်စားနေကြသည်ဟု ကောလာဟလထွက်ခဲ့ဖူးသည်။ သူတို့က ချန်းရှီကွေ့ရဲ့စိတ်ဝင်စားမှုကို အောင်မြင်စွာ မဖမ်းဆုပ်နိုင်သေးပေမယ့် ဒီသရုပ်‌ဆောင်မင်းသမီးကတော့ လုပ်နိုင်ခဲ့တယ်လေ!

စင်မြင့်ထက်တွင် အခမ်းအနားမှူးက နဉ်ရှီကို ‌မေးလိုက်သည်။ “နတ်မိမယ်ချင်းယန်အဖြစ် သရုပ်ဆောင်တုန်းက ရင်ဆိုင်ရတဲ့အရာတွေထဲ ဘယ်ဟာကအခက်ခဲဆုံးလဲ?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now