Chapter [46]

1K 120 22
                                    

[Unicode]

နဉ်ရှီက အိပ်မှုန်စုံမွှားနှင့် မျက်စိဖွင့်လိုက်သောအခါ သူမရှေ့က ဒူးထောက်နေသည့် ချန်းရှီကွေ့ကိုတွေ့လိုက်သည်။

သူတို့မတွေ့ရသည်မှာ နှစ်လကျော်နေပြီ။ နဉ်ရှီ တဒင်္ဂမျှ တန့်သွားပြီး ချန်းရှီကွေ့မှာ ပြောစရာတစ်ခုခုများရှိနေမလား သိချင်၍ စောင့်နေလိုက်သည်။

နဉ်ရှီနိုးလာတာကိုတွေ့တော့ ချန်းရှီကွေ့က မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းကိုလာကြိုမယ့်ယာဉ်က မရောက်သေးဘူးလို့ ကြားမိတယ်။ ကိုယ်မင်းကို ပြန်ပို့ပေးမယ်” သူ့လေသံက အရင်ကထက်ပင် အေးစက်နေခဲ့သည်။

နဉ်ရှီမတ်မတ်ထိုင်လိုက်ပြီး သူမ၏အတန်ငယ်နာကျင်နေသော လည်ပင်းကိုဆန့်လိုက်သည်။ “မစ္စတာချန်းလား?” ထိုအခါကျမှ သူမဟာ ယောက်ျားတစ်ယောက်၏ အပေါ်အင်္ကျီဖြင့် လွှမ်းခြုံခံထားရမှန်း သိတော့သည်။

သည်အချိန်အတောအတွင်းမှာ နှစ်ယောက်သား မဆက်သွယ်ဖြစ်ခဲ့ကြ။ ‌ယခု နောက်တစ်ကြိမ်ပြန်တွေ့တော့ မတွေ့ရတာ အတော့်ကိုကြာပြီ ဟု သူမအမှန်ပင် ခံစားမိလိုက်သည်။

ကသိကအောက်ဖြစ်နေသော လေထုအခြေအနေကို အာရုံခံလိုက်မိတာကြောင့် ရှောင်ယန်၏မျက်လုံးတွေက သူတို့နှစ်ယောက်ကြား ကူးလူးနေတော့သည်။ သို့သော် သူမဘာတစ်ခွန်းမှမဟရဲ။ သူမပဲ မျက်စိမှောက်တာလားတော့မသိ၊ မစ္စတာချန်းက အစ်မရှီရှီပေါ်ကို သူ့အပေါ်အင်္ကျီ‌ခြုံပေးစဉ်က သူ၏အကြည့်တွေဟာ ညင်သာမှုအပြည့်နှင့်။ သို့ပေသိ အခုချိန်ကျတော့ သူအစ်မရှီရှီအပေါ် ကြည့်သည့်ပုံစံက လုံးဝဥဿုံ ကွာခြားလို့နေ၏။

”မစ္စတာချန်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မကိုလာကြိုမယ့်ကားက မကြာခင်ရောက်လာတော့မှာ” နဉ်ရှီက အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ချန်းရှီကွေ့ကို ပြန်ပေးလိုက်သည်။

“ရပါတယ်” ချန်းရှီကွေ့က သူမကို နက်နက်နဲနဲ ငေးကြည့်နေပြီး အပေါ်အင်္ကျီကို ယူလိုက်၏။ သူထွက်သွားတော့မည့်ဆဲဆဲ သူ့နောက်က ရုတ်ရုတ်သဲသဲဖြစ်နေသံကို ကြားလိုက်ရသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now