Chapter [18]

1.3K 152 15
                                    

Translated by Melinoe_Megami

Double updates!!! Please vote and comment as a reward, thank you.
__________________________________

[Unicode]

အခန်း (၁၈) - နှစ်သစ်ကူး

“ဒဏ်ရာက မပြင်းပါဘူး.. ပိုးမဝင်ရင်ရပြီ..” ဆရာဝန်က အိုင်အိုဒင်းဆေးရည်သုံးကာ ဒဏ်ရာကို သန့်စင်ပေးပြီး ပတ်တီးစည်းပေးခဲ့သည်။ “ဒဏ်ရာကို ရေမထိစေနဲ့.. ရက်အနည်းငယ်လောက်အထိ အလုပ်တွေအားလုံး မင်းရဲ့ရည်းစားကိုပဲ လုပ်ခိုင်းချေ..”

နဉ်ရှီ အသံတိတ် မျက်နှာလွှဲလိုက်သည်။ ချန်းရှီကွေ့ကို လှည့်မကြည့်မိအောင် ထိန်းချုပ်ထားရင်း ဆရာဝန်ပြောတာ မကြားသလို ဟန်ဆောင်နေလိုက်သည်။

“ခေတ်တွေပြောင်းလာပြီပဲ.. ယောက်ျားလေး မီးဖိုချောင်ဝင်တာ ရှက်စရာမဟုတ်တော့ဘူး..” ဆရာဝန်အိုကြီးက နှာခေါင်းပေါ်မှ မျက်မှန်ကို ပင့်တင်လိုက်ရင်း နဉ်ရှီကို လှည့်ကြည့်လာသည်။ “မင်းကို ဂရုစိုက်တဲ့လူတွေ စိတ်ပူနေရလိမ့်မယ်.. ကိုယ့်ကိုယ်ကို ဒုက္ခမခံနဲ့..”

ဆရာဝန်ဦးလေးကြီးရေ.. ဦးလေး ဆက်ပြောနေမယ်ဆိုရင် ကျွန်မ ချန်းရှီကွေ့နဲ့ မျက်နှာချင်းဆိုင်ရဲတော့မှာမဟုတ်ဘူး..!

သို့နှင့် နဉ်ရှီလည်း ကပျာကယာ ဝင်ပြောလိုက်သည်။
“Doctor.. သူက မဟုတ်…….”

“Doctor မှန်တယ်.. မင်းအနားကလူတွေ စိတ်ပူနေရလိမ့်မယ်..”

ချန်းရှီကွေ့က နူးညံ့နွေးထွေးသော အပြုံးလေးဖြင့် လှည့်ကြည့်လာ၏။ ထိုအချင်းအရာကိုကြည့်ရင်း နဉ်ရှီတစ်ယောက် ရှက်ရွံ့လာတော့သည်။

ဆရာဝန်က အိုင်အိုဒင်းပုလင်းနှင့် ပတ်တီးလိပ်တချို့ ကိုင်ထားရင်း သူမ၏ဒဏ်ရာကို ရေထိခွင့်မပြုရန် ဆက်လက်တိုက်တွန်းနေတော့သည်။

ဆေးခန်းမှ ပြန်ထွက်လာသည့်အချိန်အထိ နဉ်ရှီ၏မျက်နှာထက်ဝယ် ခပ်တောင့်တောင့် အပြုံးလေးတစ်ခု နေရာယူထားခဲ့သည်။ သူမက ချန်းရှီလက်ထဲကိုင်ထားသော အိတ်နှစ်အိတ်ကို လှမ်းကြည့်လိုက်သည်။ ထိုအိတ်နှစ်အိတ်က ထိုအမျိုးသား၏ ‘လွှမ်းမိုးချုပ်ကိုင်နိုင်သော ဥက္ကဋ္ဌ’ အရှိန်အဝါကို သိသိသာသာ လျော့ကျစေနေသလိုပင်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now