Chapter [21]

1.2K 149 4
                                    

[Unicode]

အခန်း(၂၁) — လက်တုံ့ပြန်ခြင်း

“အစ်ကိုကျန်း” နဉ်ရှီက သရုပ်ဆောင်တွေအတွက် အဖွဲ့က စီစဉ်ပေးထားသည့် ဟိုတယ်ဆီသို့ပြန်လာကာ ကျန်းချင်းယွင်ကို ဖုန်းခေါ်လိုက်၏။ “ဒီကိစ္စနောက်ကွယ်ကလူကို အစ်ကိုရှာတွေ့ခဲ့ပြီလား?”

“ဒီလိုလုပ်ရပ်မျိုးက ကုမ္ပဏီကြီးတစ်ခုဆီကတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ မင်းအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ မလိုမုန်းတီးတာပဲဖြစ်ရမယ်” ကျန်းချင်းယွင်က ဒီတလော နဉ်ရှီတွေ့ခဲ့သည့်လူများကို ရွေးထုတ်ခဲ့သေးသည်။ “အစ်ကို့မှာ မင်းစစ်ဆေးကြည့်ဖို့အတွက် သံသယဝင်တဲ့သူ နည်းနည်းရှိတယ်”

သူစာရင်းပြုစုထားတာတွေကို နားထောင်ပြီးသည့်နောက် နဉ်ရှီ၏နှုတ်ခမ်းကကွေးတက်သွားသည်။ “ဘယ်သူလဲဆိုတာ ခန့်မှန်းမိပြီ”

“မင်းဘာလုပ်မလို့လဲ?” နဉ်ရှီ၏လေသံကိုနားထောင်ရင်း သူမဒီကိစ္စကို ဒီအတိုင်းလွှတ်ပေးလိုက်ဖို့ ရည်ရွယ်ထားပုံ‌မပေါ်ပေ။

“ညီမသာ တစ်ခုခုပြန်မတုံ့ပြန်လိုက်ရင် မယဉ်ကျေးရာကျသွားမှာပေါ့” နဉ်ရှီ ပြုံးလိုက်သည်။ “ပြီးတော့ ယဉ်ယဉ်ကျေးကျေးရှိတယ်ဆိုတာက ညီမရဲ့များစွာ‌သော ကောင်းတဲ့အချက်တွေထဲက တစ်ခုပဲလေ”

“ဒီလိုမျိုး သူ့အကြောင်းသူ အရှက်မရှိကြွားဝါနေတတ်တဲ့သူကို အစ်ကိုတစ်ခါမှမတွေ့ခဲ့ဖူးဘူး” ကျန်းချင်းယွင်သည်ပင် ဤကိစ္စကို ခပ်ပေါ့ပေါ့ မလွှတ်ထားချင်ပေ။ မဟုတ်လျှင် ကျို့ကျီမှသရုပ်ဆောင်တွေက အနိုင်ကျင့်ရလွယ်သည်ဟု အတွင်းလူကထင်နေကြလိမ့်မည်။ “ဒါပေမဲ့ မင်းပြောတာကိုသဘောတူတယ်...အစ်ကိုတို့ကအတူတူပဲလေ...ကြင်နာပြီးရိုးသားတဲ့လူတွေပေါ့”

“မှန်တာပေါ့ အစ်ကိုကျန်းရဲ့...Weiboပေါ်ကtopicတွေကို ဖျက်ပေးပြီး ကူပေးတဲ့အတွက် ကျေးဇူးပါ” နဉ်ရှီ ပြုံးဖြဲဖြဲလုပ်လိုက်၏။ “ဖျက်သိမ်းဖို့အတွက် ပိုက်ဆံတော်တော်ပေးလိုက်ရလား?”

ဖုန်းက ခဏမျှ တိတ်ကျသွားသည်။

“နဉ်ရှီ, topicကိုရုပ်သိမ်းဖို့ ကုမ္ပဏီကဘယ်သူ့ကိုမှမရှာခဲ့ရဘူး”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now