Chapter [95]

700 96 6
                                    

[Unicode]

အခန်း (၉၅)

နဉ်ရှီက ရဲတွေ၏သတိပေးစာကို နောက်တစ်နေ့ သူမရိုက်ကွင်းတွင်ရှိနေချိန်၌ ရလိုက်သည်။

နဉ်ရှီက ချန်းအိမ်တော်မှာ တစ်ည နေခဲ့ပြီး နောက်တစ်နေ့နံနက်တွင် ထောင်ဟွေ့ရွှယ်ပေးခဲ့သည့် လက်ဆောင်ထုပ်ကြီးတစ်ထုပ်ကို သူမနှင့်အတူ သယ်လာ၏။ လက်ဆောင်များကို သူမနှင့်ချန်းရှီ‌ကွေ့တို့နေသည့် ဗီလာသို့ ပို့ထားရန် ဘော်ဒီဂတ်တွေကို ညွှန်ကြားပြီးနောက် သူမ၏နာနီကားလေးထဲသို့ ဝင်သွားလိုက်သည်။

ချန်းမိသားစုဗီလာက ရှန်းဟယ်လမ်းတွင် တည်ရှိ၏။ ထိုဧရိယာက လုံခြုံရေးအလွန်တင်းကြပ်လှသည်။ အကယ်၍ တစ်‌စုံတစ်ယောက်က အကြောင်းရင်းမရှိ ထိုနေရာနား တဝဲလည်လည်လုပ်နေပြီး ရဲတွေက ရှာတွေ့သွားပါက စုံစမ်းစစ်ဆေးခံရမည်မှာ အသေအချာပင်။

ကျန်းချင်းယွင်က အိမ်ရာဝင်းထဲသို့ ကြောက်ကြောက်လန့်လန့်နှင့် ဝင်သွား၏။ ကားက ချန်းအိမ်တော်၏ဝင်ပေါက်ရောက်မှသာ သက်မချရဲတော့သည်။ သူ ကားထဲထိုင်နေစဉ် နဉ်ရှီနှင့်ထောင်ဟွေ့ရွှယ်တို့ တရယ်တမောနှင့် စကားပြောရင်း လျှောက်လာပြီး သူတို့နောက်က ဘော်ဒီဂတ်တွေကိုင်ထားသည့် ပစ္စည်းပမာဏကိုမြင်လိုက်ချိန် သူ နဉ်ရှီကို စိတ်ထဲကနေ မချီးကျူးမိဘဲ မနေနိုင်တော့ချေ။

သူမက ချန်းရှီကွေ့အား အသေးစိတ်ပြင်ဆင်ရတဲ့ လက်ထပ်ခွင့်တောင်းမှုကို စီစဉ်စေနိုင်ခဲ့ရုံသာမက ချန်းအိမ်တော်မှာ ညအိပ်ညနေ နေနိုင်ခဲ့ပြီး ချန်းရှီကွေ့၏အမေနှင့် သဟဇာတဖြစ်စွာ စကားအတူပြောနိုင်ခဲ့ကာ သူတို့က ရင်းနှီးလွန်းသည်မှာ သားအမိနှစ်ယောက်သဖွယ်။ ဤအခြင်းအရာက လူအများစုမလုပ်နိုင်သည့် စွမ်းဆောင်မှုတစ်ခုပင်။

နဉ်ရှီက သူမောင်းနေသည့်ကားထဲသို့ ဝင်သွားသည်နှင့် ကျန်းချင်းယွင်က တမင်သက်သက် ပြတင်းပေါက်မှန်ချကာ ထောင်ဟွေ့ရွှယ်ကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြပြီး ကားစက်နှိုးလိုက်သည်။

“မင်းကတော့ ချန်းမိသားစုတံခါးဆီကို မသိမသာနဲ့ ဝင်လိုက်နိုင်တာပဲ... ထင်တောင်မထင်ထားမိဘူး” ကျန်းချင်းယွင်က နဉ်ရှီကို မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်သည်။ “နတ်ဘုရားမ ကြီးပွားသွားတဲ့အခါကျရင် ကျွန်တော်မျိုးကိုလည်း မမေ့လိုက်နဲ့အုံးနော်”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now