Chapter [15]

1.3K 163 25
                                    

[Unicode]

အခန်း(၁၅) — Dinner

“ရပါတယ်, ကျွန်မသတိမထားလိုက်လို့ပါ” နဉ်ရှီမော့ကြည့်လိုက်သည့်အခိုက် အနက်ရောင်ရှူးဖိနပ်တစ်စုံနှင့် အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားသည့် ယောက်ျားတစ်ယောက်ကိုတွေ့လိုက်သည်။ သူ့နောက်မှာက ပရော်ဖက်ရှင်နယ်ကျကျ ထပ်တူဝတ်ဆင်ထားသည့် လူများစွာရှိနေ၏။ သူတို့အားလုံး၏မျက်လုံးများက သူမအပေါ်ကျရောက်လာသည်မှာ သူမကအမှောင်ထဲမှ တစ်ခုတည်းသောအလင်း‌ရောင်သဖွယ်...။ သူမ၏မျက်လုံးများက တောက်ပလွန်းလို့ သူတို့ကိုမျက်စိကျိန်းသွားစေရန် လုံ‌လောက်ပေသည်။

“မစ်နဉ်?” ချန်းရှီကွေ့က မြေပြင်ပေါ်က သူမ၏နေကာမျက်မှန်ကို ကောက်ယူရန်အတွက် ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။ တစ်ဖက်ကကျိုးပဲ့သွားပြီး နောက်တစ်ဖက်ကသာ အကောင်းအတိုင်းရှိနေသည်ကိုတွေ့လိုက်ရသည်။ ၎င်းကိုကြည့်ရသည်မှာ အလွန်အမင်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့၏။

နေကာမျက်မှန်က ထိုမျှလောက်ကျိုးပဲ့လွယ်လိမ့်မည်ဟု သူ,မထင်လိုက်မိ။ ‌ဒီ‌တော့ အဲ့ဒါတွေကိုသူ့လက်ထဲမှာကိုင်ထားရင်း ‌လေထုအခြေအနေက ကြောင်စီစီနိုင်နေတော့သည်။
[T/N: Manhwaတွေထဲမှာ ဆွံ့အနေတဲ့အခြေအနေမှာမျိုးဆို အပေါ်မှာကျီးကန်းသုံးကောင်ပျံနေသလိုမျိုးလေး။]

နဉ်ရှီသည် သူ့ထံမှ ကျိုးပဲ့နေသည့်အပိုင်းအစများကို ယူလိုက်ပြီး ခြောက်ကပ်ကပ်နှင့် ချောင်းဟန့်လိုက်ကာ “မစ္စတာချန်းကအလုပ်များနေမှာဆိုတော့ ကျွန်မထပ်မနှောင့်ယှက်တော့ပါဘူး”

“ခဏ!” ဟု သူပြောလိုက်ကာ သူ့မျက်လုံးတွေက သူမဆီကနေ သူ့လက်ထောက်ဆီရောက်သွားသည်။ “ဒီနားတစ်ဝိုက်မှာ အနောက်တိုင်းစားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင်ရှိတယ်လို့ ကြားမိတယ်။ အကယ်၍မစ်နဉ်စိတ်မရှိဘူးဆိုရင် ကိုယ်နဲ့အတူ ထမင်းတစ်နပ်လိုက်စားပေးနိုင်မလား။ ကိုယ့်ဘက်ကတောင်းပန်တယ်လို့ ယူဆလို့ရတယ်”

နဉ်ရှီကကျိုးပဲ့နေသည့်အပိုင်းအစတွေနှင့် သူမလက်ထဲက ဘဲကင်ကိုကြည့်ပြီးနောက် ပြုံးလျက်ပြောလိုက်၏။ “ကျွန်မပြုတ်ကျသွားတာ သတိမထားမိလို့လေ။ ကျွန်မရဲ့အမှားပဲပေါ့။ မစ္စတာချန်းအနေနဲ့ အဲ့လောက်ယဉ်ကျေးစရာမလိုပါဘူး...”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now