Chapter [31.1]

1K 129 6
                                    

[Unicode]

နဉ်ရှီသည် သူမဖုန်းထံမှ အဆက်မပြတ်မြည်သံတွေကြောင့် နိုးသွားရသည်။ သူမလက်က စောင်အောက်ကနေ ဆန့်ထွက်လာပြီး ခုတင်ဘေးရှိ ဗီရိုထက်မှဆဲလ်ဖုန်းကိုယူလိုက်သည်။ “ဟယ်လို...”

“မင်း မနေ့က ချန်းလုပ်ငန်းစုရဲ့ဥက္ကဌနဲ့ နေ့လယ်စာသွားစားခဲ့တာလား?”

ဖုန်းတစ်ဖက်ရှိ ကျန်းချင်းယွင်၏အသံက အရေးတကြီးဖြစ်နေပုံရသည်။ ရုတ်တရက်မေးလာတာကြောင့် သူမစိတ်ရှုပ်သွားရပြီး မျက်မှောင်ကြုတ်လိုက်၏။ “ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ?”

“မင်းတို့နှစ်ယောက် စားသောက်ဆိုင်ထဲဝင်သွားတဲ့ပုံတွေကို တစ်ယောက်ယောက်က အင်တာနက်ပေါ်တင်လိုက်တယ်...အခု အင်တာနက်ပေါ်မှာ ပွတ်လောရိုက်နေတော့တာပဲ...ဘာကောမန့်မှ သွားမရေးနဲ့နော်...ကုမ္မဏီက ကူပြီး‌ဖြေရှင်းပေးမယ်” ကျန်းချင်းယွင်က အင်တာနက်ပေါ်မှ ‘စပွန်ဆာပေး(အမ်း)ခံထားရတာ’ နှင့် ‘ပေါင်လုံးကြီးကိုဖက်တွယ်ထားတာ’ စသည့် ကောမန့်တွေအကြောင်းကိုတော့ နဉ်ရှီကိုမပြောပြလိုက်ပေ။ အင်တာနက်ပေါ်မှ လူတချို့က အလွန့်အလွန်ကို ပေါက်ကွဲနေကြလေသည်။ သူမ၏အသွင်အပြင်ကြောင့် သူတို့သူမကိုကြိုက်ရင်ကြိုက်လိမ့်မည်၊ သို့သော် နဉ်ရှီကိုအကောင်ကြီးကြီးတစ်ယောက်နှင့် တွဲမြင်လိုက်သည်နှင့် သူတို့ဟာ ညစ်ညမ်းဇာတ်ကွက်တွေအားလုံးကို စိတ်ကူးယဉ်တွေးတောကြလိမ့်မည်။ ပြီးလျှင် သူတို့၏စင်ကြယ်လှသည့် စိတ်ဝိဉာဉ်ကို နဉ်ရှီကပဲစွန်းထင်း‌‌စေသည့်အလား တစ်ကြိမ်ပြီးတစ်ကြိမ် ၎င်းကိုအသုံးပြုပြီး သူမကိုဆဲရေးတိုင်းထွာကြလိမ့်မည်။

အင်တာနက်အသုံးပြုသူတွေ၏ အမျိုးသမီးအနုပညာရှင်တွေအပေါ် အပြစ်ရှာတတ်သည့်သဘောထားနှင့် ချမ်းသာကြွယ်ဝမှုအပေါ် သူတို့၏မုန်းတီးမှုကို အချိန်အတော်ကြာ အသားကျနေပြီဖြစ်သည့် ကျန်းချင်းယွင်ကတော့ အဖြစ်အပျက်အကြောင်းကို မြန်မြန်ဆန်ဆန်ပင် ကုမ္ပဏီဆီတင်ပြလိုက်သည်။ မီဒီယာကသူ့ကို ဖုန်းခေါ်လာသည့်အချိန်တိုင်း ‘သူတို့က သာမန်သူငယ်ချင်းတွေပါပဲ’ဟုသာ တစ်ပုံစံတည်းပြန်ဖြေ၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now