Chapter [31.2]

1.1K 129 10
                                    

[Unicode]

ဖုန်းချပြီးသည့်နောက် ချန်းရှီကွေ့၏အကြည့်တွေက ကွန်ပျူတာစခရင်ထက် ပြန်ရောက်သွားသည်။ သူ့မျက်နှာပေါ်က အပြုံးမှာမူ ချက်ချင်းပင်ပျောက်ကွယ်သွားလေ၏။

မီဒီယာအများစု၏အမြင်တွင်တော့ နဉ်ရှီလို‌အနုပညာရှင်အသေးစားက ချန်းရှီကွေ့နှင့် ထမင်းတစ်နပ်အတူသွားစားသည့် သတင်းကိုတင်လိုက်ရသည်က ဘာမှထွေထွေထူးထူးဖြစ်လိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ အဆုံးတွင် ချန်းရှီကွေ့လို အထင်ကရပုဂ္ဂိုလ်က အတင်းအဖျင်းတွေကို ဂရုစိုက်လေ့မရှိပေ။ နဉ်ရှီ၏ဂုဏ်သတင်းက အချိန်တိုလေးအတွင်း ထိခိုက်သွားလျှင်တောင်မှ သူမကိုကြောငြာပေးသည့်သဘောဖြစ်၍ win-win situation ပါပင်။

သို့သော်လည်း ဒီနေ့တွင်တော့ ဘယ်သူမှမထင်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။

အကြောင်းမူကား အင်တာဗျုးဖြေခဲလှသူ၊ ဆိုရှယ်မီဒီယာအကောင့်မရှိသူ ဥက္ကဌကြီးဟာဆိုရင်ဖြင့် မမျှော်လင့်ဘဲ ဝေ့ပေါ်အကောင့်တစ်ခု မှတ်ပုံတင်လိုက်လို့ပါပင်။ သူပထမဆုံးတင်သည့်ပို့စ်ကတောင် နဉ်ရှီပေါင်လုံးကြီးဖက်တွယ်ထားသည် ဆို‌သော ကောလာဟလကို ပြန်တုံ့ပြန်ထားသည့်ပို့စ် ဖြစ်နေပေသည်။

ချန်းရှီကွေ့ V: ကျွန်တော် နဉ်ရှီနဲ့သူငယ်ချင်းဖြစ်လာတာ နှစ်တော်တော်ကြာနေပါပြီ။ သူမကူညီပေးတာနဲ့ မိတ်ဆက်ပေးတာကြောင့် ကျို့ကျီဖျော်ဖြေရေးကုမ္ပဏီဥက္ကဌ မစ္စတာလီနဲ့ ကျွန်တော်ဆုံခဲ့ရတာပါ။ အင်တာနက်ပေါ်က နဉ်ရှီရဲ့သတင်းအမှားတွေကြောင့် ကျွန်တော် အရမ်းကိုစိတ်ဆိုးဒေါသထွက်မိပါတယ်။ ဒီသတင်းနဲ့ဆက်စပ်နေတဲ့မီဒီယာတွေအားလုံးပဲ နဉ်ရှီရဲ့သတင်းအမှားတွေကို ဖျက်ပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ချစ်စရာကောင်းအောင်ပြောနေခြင်းမရှိ၊ လောကဝတ်ပြုခြင်း(saying hello)မရှိသည့် ရိုးရိုးရှင်းရှင်းဝေ့ပေါ်ပို့စ်တစ်ခုပင်။ အင်တာနက်သုံးစွဲသူအများစုက ၎င်းကိုချက်ချင်းforwardလုပ်ကြကာ အချို့က ချန်းရှီကွေ့ဟာ စိတ်ကြီးဝင်နေသော ဥက္ကဌတစ်ယောက်ဟု ပြောကြသည်။ အချို့ကလည်း ချန်းရှီကွေ့လို ပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် သူငယ်ချင်းဖြစ်နေသည့်နဉ်ရှီက အမှန်ပင်နှစ်လိုဖွယ်ကောင်းသည်ဟု ထင်မြင်လာကြသည်။ ဘော့စ်ချန်းက ဖျော်ဖြေရေးကုမ္ပဏီပေါင်းများစွာကို မရွေးဘဲ နဉ်ရှီရဲ့မျက်နှာကြောင့် ကျို့ကျီတွင်ရှယ်ယာဝင်ရန် ရွေးချယ်ခဲ့သည်မှာ အဆန်းမဟုတ်တော့ပါပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now