Chapter [103] - End

1.3K 107 12
                                    

Translated by Melinoe_Megami

[Unicode]

အခန်း (၁၀၃) - ဇာတ်သိမ်း

တချို့သောစုံတွဲများသည် အရူးအမူး ချစ်မိနေချိန်တွင် သေသည်အထိ လက်တွဲမဖြုတ်တမ်း တစ်ဘဝလုံး ချစ်မြတ်နိုးသွားပါ့မယ် ဘာညာဖြင့် ကတိပေးတတ်ကြ၏။ သို့သော် အချစ်မီးတောက်များ ငြိမ်းသက်သွားသည်နှင့် တစ်ဦးကိုတစ်ဦး ကျောခိုင်းသွားကြသလို တချို့က အယောင်ဆောင်ဆက်ဆံရေးကို ထိန်းသိမ်းကာ အချင်းချင်း စိတ်ဒုက္ခပေးသူများလည်း ရှိသည်။ ထိုစုံတွဲများသည် အများအမြင်တွင် ‘စံပြစုံတွဲ’အဖြစ် သတ်မှတ်ခံရသော်ငြား သူတို့၏နှလုံးသားထဲ အချစ်ကင်းမဲ့နေတာကိုတော့ သူတို့ကိုယ်တိုင်သာ သိသည်။

သေသည်အထိ ချစ်မြတ်နိုးသွားမည့် ချစ်ခြင်းတရားက အားကျစရာကောင်းသော်လည်း ကြင်နာတတ်သော စိတ်နှလုံးသားဖြင့် တစ်ဦးကိုတစ်ဦး ယုံကြည်လေးစားကာ ပံ့ပိုးကူညီပေးသော ချစ်ခြင်းမေတ္တာသည်လည်း အချစ်မဟုတ်ပါလော။

နဉ်ရှီသည် နှင်းတောထဲမှာ ရပ်နေသည့် အမျိုးသားကို လှမ်းမြင်သည်နှင့် တောက်ပသော အပြုံးလေးနှင့်အတူ ကပျာကယာ ပြေးသွားလိုက်သည်။

နှစ်နှစ်ဆယ်ကျော်အတွင်း အပြောင်းအလဲများစွာ တွေ့ကြုံခဲ့ရပြီး သေရေးရှင်ရေး အခြေအနေမျိုးကိုလည်း ဖြတ်ကျော်ခဲ့ဖူးပါပြီ။ ယခုအချိန်တွင် သာယာအေးချမ်းသည့် နေအိမ်၊ နွေးထွေးသော ဆက်ဆံရေးတစ်ခုနှင့် သူမအပေါ် အလုံးစုံနားလည်ပေးနိုင်မည့် အမျိုးသားတစ်ဦးသာ လိုချင်မိသည်။ ပူလောင်ပြင်းရှသည့် ဆက်ဆံရေးမျိုး မလိုချင်ပေ။

သူမလိုလူမျိုးက အချစ်ဝတ္ထုများထဲတွင် ဇာတ်လိုက်မင်းသမီး ဖြစ်လာနိုင်သည့် ကံကြမ္မာမျိုးမရှိ။ အဘယ်ကြောင့်ဆိုသော် သူမက နူးညံ့သိမ်မွေ့သော မိန်းကလေးမဟုတ်သလို တစ်ဖက်လူကိုလည်း ကောင်းကောင်း ဂရုမစိုက်တတ်ပေ။ သူမက ဖြူစင်ရိုးသားသူ မဟုတ်သလို ချန်းရှီကွေ့သည်လည်း အကျိုးအကြောင်းမသိ တစ်ဇွတ်ထိုးဆန်သူ မဟုတ်သောကြောင့် သူမနှင့် ချန်းရှီကွေ့၏ ဆက်ဆံရေးက လွှမ်းမိုးချုပ်ကိုင်တတ်သည့် CEO နှင့် ရိုးသားဖြူစင်သောမင်းသမီး ဇာတ်လမ်းမျိုး မဟုတ်ပေ။ သို့ဖြစ်၍ ချန်းရှီကွေ့နှင့် စတွေ့ချိန်တွင် သူမဘဝ၏ နောင်တရစရာများ ပြေလည်သွားရသလို ခံစားခဲ့ရပြီး အနာဂတ်ကို မျှော်ကြည့်လာတတ်ခဲ့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now