Chapter [76.2]

831 117 4
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၆/၂)

“ဒါက ဘာမှမဟုတ်သေးဘူး..” သက်လတ်ပိုင်း သတင်းထောက်ကြီးက အရိပ်တစ်ခုအောက်တွင် တည်ငြိမ်စွာ ရပ်နေရင်း ဘေးဘီကို ငေးမောကြည့်နေလေသည်။ “လွန်ခဲ့တဲ့နှစ်နှစ်လောက်က ငါဆို အနုပညာရှင်တစ်ယောက်ရဲ့ သတင်းလိုက်ဖို့ နှစ်ပတ်လောက် အချိန်ယူလိုက်ရတယ်.. ၃၀ ဒီဂရီလောက်ပူတဲ့ ရာသီဥတုကြီးထဲ အမှိုက်ပုံးဘေးမှာတောင် နေခဲ့ရဖူးတယ်.. အဲ့အတွေ့အကြုံတွေက တကယ့်ကိုကွာ….”

အလုပ်သင်သတင်းထောက်လေးခမျာ ရှော့ရသွား၏။ ထိုမျှပူပြင်းသည့် ရာသီဥတုကြီးထဲ အမှိုက်ပုံဘေး ရပ်နေရမည့် ခံစားချက်ကို တွေးပင်မတွေးရဲတော့ချေ။

“ထွက်လာပြီ..!” ကနဦး စိတ်ပျံ့လွင့်နေသည့် သက်လတ်ပိုင်းသတင်းထောက်ကြီးသည် အနောက်တိုင်းဝတ်စုံ ဝတ်ထားသော လူတစ်ချို့ ထွက်လာသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း Recorder နှင့် ကင်မရာကို ဆွဲကိုင်ကာ ထိုနေရာသို့ ဦးတည်သွားတော့သည်။

ချန်းရှီကွေ့သည် သူ၏ လက်အောက်ငယ်သားတချို့နှင့် စကားပြောရင်း လမ်းလျှောက်လာစဉ် သူ့ဆီပြေးလာသည့် သက်လတ်ပိုင်းလူကြီးတစ်ဦးကို ရုတ်တရက် မြင်လိုက်ရလေ၏။ လူတိုင်း အံ့အားသင့်သွားပြီး ကုမ္ပဏီဝင်ပေါက်မှ လုံခြုံရေးများလည်း ကပျာကယာ ပြေးထွက်လာကြသည်။

“မစ္စတာချန်း.. ကျွန်တော်က Bamboo Station က သတင်းထောက်ပါ.. ခဏလောက် အချိန်ပေးလို့ရမလားဗျ..? အင်တာဗျူးချင်လို့ အချိန်ခဏလေးပါပဲ..” သက်လတ်ပိုင်းလူကြီးက အပြုံးဖြင့် မျက်နှာချိုသွေးလိုက်သည်။ ပြီးနောက် လုံခြုံရေးများ ပြေးထွက်လာသည်ကို မြင်လိုက်ရသဖြင့် ယဉ်ယဉ်ကျေးကျေးပြုံးကာ နောက်ပြန်ဆုတ်လိုက်သည်။

ချန်းရှီကွေ့သည် သူ၏လက်ထဲမှ စာရွက်စာတမ်းများကို သူ့နောက်မှတစ်ယောက်ထံသို့ ကမ်းပေးလိုက်ပြီး နောက်လှည့်ကာ သတင်းထောက်ကြီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ပြီးနောက် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ရင်း.. “Hi..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now