Chapter [53]

1K 132 4
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၅၃)

“မင်း ရုတ်တရက် ကြေညာလိုက်တော့ ငါတောင် အံ့ဩသွားတယ်..” ဓာတ်လှေကားထဲ ဝင်ပြီးနောက် ကျန်းချင်းယွင်က မှတ်ချက်ပြုလာသည်။ “ဒီလိုကြေညာလိုက်တော့ မစ္စတာချန်း အဆင်ပြေပါ့မလား..?”

“သူက ဘာပြဿနာမှမရှိပါဘူး..” နဉ်ရှီ ရယ်လိုက်သည်။ “အစ်ကိုကျန်း မမှတ်မိတော့ဘူးလား..? ကျွန်မ ချစ်သူရခဲ့ရင် ညီမရဲ့အချစ်ရေးကို မဖုံးကွယ်ထားပါဘူး.. အကုန်လုံးကို ပြောပြပေးပါ့မယ်လို့ ပြောခဲ့ဖူးတယ်လေ..?”

“အဲ့လိုပြောခဲ့ရင်တောင် အလောတကြီး ကြေညာစရာမလိုဘူးလေ..” ချန်းမိသားစုဘက်မှ နဉ်ရှီအား လူချမ်းသာတစ်ယောက်၏ ဇနီးမယားဖြစ်ရန် မစောင့်နိုင်တော့ဘဲ သူတို့ကို ချုပ်ပြီးတုပ်ပြီး ပရိယာယ်ဆင်နေသည်ဟု ထင်မြင်သွားမှာကို ကျန်းချင်းယွင်က စိုးရိမ်နေလေသည်။ “မစ္စတာချန်းဘက်က ကြေညာတာ ပိုကောင်းလိမ့်မယ်..”

မန်နေဂျာတစ်ယောက်အနေဖြင့် မည်သို့ကြေညာလျှင် နဉ်ရှီအတွက် အကျိုးရှိမယ်ဆိုတာ သူ ကောင်းကောင်းသိသည်။ ထို့အပြင် မစ္စတာချန်း၏ နဉ်ရှီအပေါ် သဘောထားကို လေ့လာကြည့်ရသလောက် ချန်းရှီကွေ့လည်း ဤအစီအစဉ်ကို ပျော်ပျော်ကြီး ပူးပေါင်းပေးချင်လိမ့်မည်။

“မနေ့ညက ချစ်ခွင့်ပန်တဲ့ကိစ္စက ဟိုးလေးတကျော် ဖြစ်နေပြီလေ.. ချစ်သူရခဲ့ရင် လူတိုင်းကို အသိပေးပါမယ်လို့ ကတိပေးထားပြီးမှ ဘာမှမပြောဘဲနေရင်… ချစ်ခွင့်ပန်ခံရတဲ့လူက ညီမဆိုတာ မီဒီယာတွေ သိသွားမယ့်အချိန် ပရိသတ်တွေ ညီမကို ဘယ်လိုထင်ကြမလဲ..?” မြေညီထပ်သို့ ရောက်သည်နှင့် နဉ်ရှီက နေကာမျက်မှန်တပ်လိုက်ကာ.. “ညီမကို အပုပ်ချပြီး တခြားလူတွေ အကျိုးအမြတ်ရသွားမယ့်အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး..”

ကျန်းချင်းယွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ တွေးထားပြီးသားပင်။ နဉ်ရှီက ချစ်သူကောင်လေး၏ နာမည်ကို မထုတ်ဖော်ခဲ့တာကြောင့် အနှီကြေညာချက်သည် သက်ရောက်မှု သိပ်မပြင်းထန်ခဲ့ပေ။ ယောက်ျားလေးပရိသတ် လျော့နည်းသွားမည့် အဖြစ်ကိုလည်း ကာကွယ်နိုင်လိုက်သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now