Chapter [66.2]

890 122 6
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၆၆/၂)

ရိုက်ကူးတွင် ချန်းရှီကွေ့ကို မြင်လိုက်ရတော့မှ ဒါရိုက်တာလင်လည်း နဉ်ရှီက ကောင်လေးနှင့်ချိန်းထား၍ အနားမယူဘဲ မြန်မြန်ပြီးပြတ်အောင် ရိုက်ကူးနေခြင်းဖြစ်မှန်း သဘောပေါက်သွားတော့၏။

“ဒါရိုက်တာလင်.. မနက်ဖြန်တွေ့မယ်..”

နဉ်ရှီသည် အဝတ်အစားလဲထားပြီး မိတ်ကပ်ကိုလည်း ရုပ်ရှင်ရိုက်နေသလိုမဟုတ်ဘဲ ပါးပါးလေး လိမ်းခြယ်ထားလေသည်။

လင်ရှုကျဲလည်း နဉ်ရှီအား ထောင့်တစ်နေရာတွင် ရပ်စောင့်နေသော ချန်းရှီကွေ့ကို လှည့်ကြည့်လိုက်ပြီး သူမကို ပြန်နှုတ်ဆက်လိုက်သည်။

နဉ်ရှီနှင့် ချန်းရှီကွေ့တို့ ထွက်သွားမှ လက်ထောက်ဒါရိုက်တာက လင်ရှုကျဲအနားကပ်လာပြီး ခပ်တိုးတိုးလေး ပြောခဲ့သည်။

“ဒါရိုက်တာ.. နဉ်လောင်ရှီး လိမ့်ကျသွားတုန်းက မစ္စတာချန်းရဲ့ပုံစံက တော်တော်လေး ဒေါသထွက်နေပုံပဲ..”

“အဲ့အချိန်တည်းက ရောက်နေတာလား..?” လင်ရှုကျဲက သူ၏လက်ထောက်ကို အလန့်တကြား မော့ကြည့်လိုက်သည်။

လက်ထောက်က ခေါင်းညိတ်ပြကာ.. “ဒါပေမဲ့ နဉ်လောင်ရှီးက ဇာတ်ကောင်ထဲ စိတ်နှစ်ထားတာဆိုတော့ အနှောင့်အယှက်ဖြစ်သွားမှာ စိုးလို့ထင်တယ်.. စကားတစ်ခွန်းမှမပြောဘဲ အဲ့ထောင့်မှာပဲ မတ်တပ်ရပ်နေတာ..”

လင်ရှုကျဲက သူနားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“ဒါရိုက်တာ.. ကျွန်တော်တို့က နဉ်လောင်ရှီကို တမင်ခက်ခဲအောင်လုပ်နေတာလို့ မစ္စတာချန်း အထင်လွဲသွားလောက်လား..?” လက်ထောက်ဒါရိုက်တာမှာ အကြောက်လွန်၍ မျက်ခုံးများပင် တစ်ခုနှင့်တစ်ခု ထိလုမတတ် ဖြစ်နေတော့သည်။

“ငါတို့ရိုက်နေတာ လွှမ်းမိုးနိုင်စွမ်းကြီးပေမယ့် ဦးနှောက်မရှိတဲ့ CEO ဇာတ်ကြောင်း မဟုတ်ဘူးနော်..?” လင်ရှုကျဲက လက်ထောက်ကို တစ်ချက်ရိုက်လိုက်ပြီး.. “လျှောက်တွေးမနေနဲ့..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now