Chapter [17]

1.2K 152 12
                                    

[Unicode]

အခန်း(၁၇) — နှင်းပေါ်တွင် ချော်ကျခြင်း

ချန်းရှီ‌ကွေ့က သူ့ဖုန်းကိုအောက်ချလိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရန် လှည့်လိုက်သည်။ အပြင်မှာနှင်းကျနေတာကို မြင်လေတော့ သူ့စိတ်အခြေအနေက တော်တော်လေးနိမ့်ကျသွားလေ၏။

“သူဌေး?” သူ့အတွင်းရေးမှူးက တံ‌ခါးခေါက်ကာ ဝင်လာပြီး မစ္စတာချန်းကို ပြတင်းပေါက်ဆီမျက်နှာမူရင်း ကျောခိုင်းလျက်တွေ့လိုက်သည်။ သူစားပွဲပေါ်တွင် စာရွက်စာတမ်းနှစ်စုံတင်ထားလိုက်သည်။ “ချန်း*ကုမ္ပဏီခေါင်းဆောင်က စီးပွားရေးလုပ်ငန်း ကမ်းလှမ်းမှုအသစ်ပို့လာပါတယ်...တစ်ချက် ကြည့်ကြည့်ပါအုံး”

[T/N: ချန်းရှီကွေ့နဲ့ ချန်းယိကျွင်းက မြန်မာအသံထွက်အရ သူတို့မျိုးရိုး 'ချန်း' လို့တူနေပေမယ့် တရုတ်လိုဆို စာလုံးပေါင်းကွာပါတယ်။ အဲ့တာကြောင့် ခွဲခြားသိရအောင် ချန်းယီကျွင်းရဲ့ 'ချန်း' ဆိုရင် အနောက်မှာ * အမှတ်အသားလေး ထည့်ပေးပါမယ်နော်။]

“ချန်း*ကုမ္ပဏီလား?” ချန်းရှီကွေ့က လှည့်လာပြီး စာရွက်စာတမ်းတွေကိုယူကာ ချန်း*ရဲ့လက်ရှိဥက္ကဌနှင့်ပက်သတ်သည့် အချက်အလက်တွေကို တစ်ချက်ကြည့်လိုက်သည်။ “ဒီတစ်ယောက်က ချန်း*မိသားစုရဲ့အငယ်ဆုံးသား မဟုတ်လား?”

အတွင်းရေးမှူးကခေါင်းညိတ်လိုက်သည်။ ပရောဂျက်ရဲ့အရင်ခေါင်းဆောင်‌နေရာက ချန်း*မိသားစုခေါင်းဆောင်၏သား ချန်းယိကျွင်းထံမှ အစားထိုးခံလိုက်ရသည်။ ဖခင်တစ်ယောက်က သူ့သားအတွက် လမ်းခင်းပေးတာက ပုံမှန်ပဲဆိုပေမယ့် အလုပ်တွေအားလုံးပြီးဆုံးသွားချိန်မှာ လွှဲပြောင်းခံလိုက်ရသည့် တစ်စုံတစ်ယောက်အတွက်တော့ ဒီအပြုအမူက သူ့အား မကျေမနပ်ဖြစ်စေမည်ပင်။

သို့ပေမယ့် ချန်းယိကျွင်းက ချန်း*ကုမ္ပဏီ၏အမွေဆက်ခံသူ ဖြစ်သည်လေ။ အလုပ်သမားများက သူတို့‌လုပ်အား၏ အသီးအပွင့်ကို မတရားသဖြင့် ဆုံးရှုံးသွား၍ မကျေနပ်လျှင်တောင်မှ သူတို့ဆိတ်ဆိတ်နေရမည်ပင်။ တခြားတစ်ယောက်သာဆိုလျှင် ကုမ္ပဏီအတွင်း အုံကြွမှုဖြစ်နေလောက်ပြီ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now