Chapter [65.1]

920 117 2
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၆၅/၁)

အက်ရှရှရယ်သံက နဉ်ရှီ၏ ရင်ခုန်သံကို ဆွဲညှို့သွားလေသည်။ နဉ်ရှီက သူမဘေးမှ ပြုံးဖြီးနေသော အမျိုးသားကို လှည့်ကြည့်လိုက်ကာ.. “ဘာတွေများ သဘောကျနေတာလဲ..?”

“မင်းလုပ်လိုက်တဲ့ ပုံစံလေးက ချစ်ဖို့ကောင်းလို့လေ..” ချန်းရှီကွေ့က နဉ်ရှီကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ပခုံးထက်ဝယ် နားခိုစေသည်။

သူ့ခန္ဓာကိုယ်မှ အနွေးဓာတ်ကို ခံစားမိနေသဖြင့် နဉ်ရှီ ပြုံးလိုက်၏။ သူမက Remote ယူကာ ချန်နယ်ပြောင်းလိုက်သည်။ သတင်းအကြောင်းအရာ၏ ဇာတ်လိုက်အနေဖြင့် အစီအစဉ်တင်ဆက်သူက သူမအကြောင်း လွန်လွန်ကျူးကျူး ဖွဲ့နွဲ့တင်ဆက်လာသောအခါ နဉ်ရှီမှာ ဘာကြောင့်ရယ်မသိ ရှက်ရွံ့လာမိသည်။

နောက်တစ်ရက်မနက်..

နဉ်ရှီ မနက်စာစားပြီး ရိုက်ကွင်းသွားရန် ပြင်နေစဉ်၊ ကျန်းချင်းယွင်က ဖုန်းခေါ်လာသည်။ ပြီးနောက် ချန်း*ယီကျွင်းနှင့် တချို့အတန်းဖော်ဟောင်းများ အွန်လိုင်းပေါ်တွင် တောင်းပန်စာ တင်ခဲ့ကြောင်း၊ ချန်း*နှင့် ဝေမိသားစုမှ နဉ်ရှီနှင့် ဆက်သွယ်နိုင်အောင် ကြိုးစားနေကြောင်း အသိပေးလာသည်။

“ညီမ သူတို့နဲ့ မတွေ့ချင်ဘူး..” နဉ်ရှီက ဗြောင်ပြောလိုက်သည်။ “ကုမ္ပဏီကို ဒီကိစ္စနဲ့ အလုပ်ရှုပ်ရတော့မှာပဲ..”

“အလုပ်မရှုပ်ပါဘူး..” နဉ်ရှီ၏အသံကို နားထောင်ပြီး သူမ စိတ်ကြည်လင်နေကြောင်း ကျန်းချင်းယွင် သိလိုက်သည်။ “ရက်နည်းနည်းလောက် နားလိုက်ပါလား..? မင်းရိုက်ရမယ့်အခန်းတွေ နောက်ရွှေ့ထားလို့ရအောင် အစ်ကို ဒါရိုက်တာလင်နဲ့ ညှိနှိုင်းကြည့်လိုက်မယ်လေ..?”

“ဒီရုပ်ရှင်မှာ ညီမရဲ့ဇာတ်ကွက်က အများဆုံးပဲ.. အဲ့တာကြောင့် ညီမ,မသွားရင် ရိုက်ကူးရေးအဖွဲ့လည်း ရှေ့ဆက်လို့မရဘဲ ဖြစ်နေလိမ့်မယ်..” နဉ်ရှီက ယာဉ်မောင်းထိုင်ခုံနှင့် passenger ထိုင်ခုံမှ အမျိုးသားနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး.. “စိတ်မပူပါနဲ့.. ရှီကွေ့က ညီမအတွက် ဘော်ဒီဂတ်နှစ်ယောက် စီစဉ်ပေးထားတယ်.. သတင်းထောက်တွေ ရောက်လာရင်တောင် စိုးရိမ်စရာမရှိဘူး..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now