Chapter [74.2]

866 111 4
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၄/၂)

“ဥက္ကဋ္ဌချန်း..!” ပရိသတ်များက တပြိုင်တည်း အော်လာခဲ့၏။

ကင်မရာမန်းက ချန်းရှီကွေ့ကို အနီးကပ် ရိုက်ကူးတော့သည်။ ချန်းရှီကွေ့က ကင်မရာဘက် ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။ လက်ထဲတွင် Lightstick လေးတစ်ချောင်း ကိုင်ထားသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော မြင့်မြတ်တော်ဝင်ဆန်သည့် အရှိန်အဝါအပေါ် သက်ရောက်မှု မရှိခဲ့ပေ။

နတ်ဘုရားမဖန်များ ကြောင်အမ်းကုန်သည်။

သူတို့ ဥက္ကဋ္ဌချန်းနဲ့ ဒီလောက်ထိ နီးကပ်နေခဲ့တာလား..?

မည်သို့ဆိုစေ သူတို့၏ နတ်ဘုရားမလေးအပေါ် အလွန်ကောင်းသဖြင့် နတ်ဘုရားမဖန်များလည်း နတ်ဘုရားမလေးကို ခိုးယူသွားသော ချန်းရှီကွေ့အား မမုန်းတော့ရန် ဆုံးဖြတ်လိုက်ကြသည်။

ချန်းရှီကွေ့ကို Lightstick ပေးခဲ့သော မိန်းကလေးခမျာ သူမ၏ မျက်နှာကို လက်ဖြင့် ကာလိုက်မိသည်အထိ။ ချန်းရှီကွေ့အား ‘ကိုယ်ချစ်ရတဲ့ အနုပညာရှင်နောက် လိုက်တာတောင် အဖြစ်မရှိဘူး..’ ဟူ၍ အထင်သေးခဲ့မိသည့်အတွက် မပြောပြတတ်အောင် ရှက်ရွံ့သွားရသည်။

ဥက္ကဋ္ဌချန်းလို လူတစ်ယောက်က အနုပညာရှင်နောက် ဘယ်သောအခါမှ လိုက်ဖူးမည်မဟုတ်ပေ။ သို့သော် ချန်းရှီကွေ့၏ လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးနေပုံများ၊ Lightstick ဝှေ့ယမ်းနေပုံများကို မြင်ယောင်မိရင်း ထိုမိန်းကလေး၏ စိတ်ထဲ ‘ဥက္ကဋ္ဌချန်းက နတ်ဘုရားမလေးကို အရမ်းအလိုလိုက်တာပဲ၊ နတ်ဘုရားမလေးရဲ့ ပရိသတ်တွေကိုတောင် နွေးနွေးထွေး‌ထွေး ဆက်ဆံပေးတာပဲ’ ဟူ၍ တွေးလာမိတော့သည်။

ရုတ်တရက် ထိုအမျိုးသားကို ရွေးချယ်လိုက်သည့် နတ်ဘုရားမ၏ စိတ်ကို နားလည်လာသလိုပင်။

ရိုက်ကူးရေးပြီးနောက် သူမက နတ်ဘုရားမအကြောင်း Weibo ပေါ်တွင် ပို့စ်အရှည်ကြီးတစ်ခု တင်ခဲ့လေ၏။ နဉ်ရှီ၏ စင်ပေါ်မှအလွဲများ၊ ဘော့စ်ချန်းက သူမကို အလိုလိုက်ထားပုံများကို ဟာသနှောကာ ရေးတင်ထားသည်။ အနှီခွေးစာပို့စ်ကြောင့် ပရိသတ်များလည်း အော်ဟစ်ကုန်တော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now