Chapter [88]

688 87 3
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၈၈)

အပန်းဖြေစခန်းတွင် မြင်းစီးကွင်းတစ်ခု ရှိ၏။ နေ့လည်စာ စားသောက်ကာ အနားယူပြီးနောက် သူတို့အားလုံး မြင်းစီးရန် သွားကြသည်။ နဉ်ရှီသည် ရုပ်ရှင်ရိုက်ကူးရေးအတွက် မြင်းစီးလေ့ကျင့်ဖူးသော်ငြား ဝတ်စုံပြည့်ဝတ်၍ မြင်းစီးလာသော ချန်းရှီကွေ့ကို မြင်လိုက်ရချိန် သူ၏ တော်ဝင်ဆန်ပြီး ဝင့်ထည်လွန်းသော အရှိန်အဝါကြောင့် မှင်သက်သွားရသည်။

လက်စသတ်တော့ ဤကမ္ဘာလောကကြီးတွင် တော်ဝင်မင်းသားများသာ မြင်းဖြူစီးသည်မဟုတ်၊ ရှင်ဘုရင်များလည်း မြင်းဖြူစီးကြပါတကား။ ချန်းရှီကွေ့သည် မာန်မာနကြီး၍ ကျက်သရေဝင့်ထည်စွာသော ရှင်ဘုရင်တစ်ပါးကဲ့သို့ မေးကို အသာပင့်ချီထားသည်။ ထိုမြင်ကွင်းကိုကြည့်၍ နဉ်ရှီ၏ရင်ထဲ လုံးဝဖမ်းစားခံလိုက်ရသလို ခံစားလိုက်ရသည်။

“ရှီရှီ..” ချန်းရှီကွေ့က နဉ်ရှီအနားသို့ မြင်းစီးလာသည်။ သူက နဉ်ရှီ မြင်းပေါ်မတက်သေးတာကို မြင်ပြီး ကြောက်နေသည်ထင်၍ လက်ကမ်းပေးလိုက်သည်။ “တစ်ပတ်လောက် တူတူစီးကြမလား..”

နဉ်ရှီက ဦးထုပ်ကို ကိုင်ပြီး ချန်းရှီကွေ့ထံ လက်ကမ်းပေးလိုက်ကာ.. “စီးမယ်..”

ချန်းရှီကွေ့က နဉ်ရှီကို သူ၏ ရင်ခွင်ထဲသို့ စွေ့ခနဲ ဆွဲတင်လိုက်သည်။ ထို့နောက် မြင်းဇက်ကြိုးကို အသာယမ်းလိုက်ပြီး မြင်းကို အရှိန်မှန်မှန် ပြေးစေသည်။

ညင်းသွဲ့သွဲ့တိုက်ခတ်နေသော လေနုအေးအေး၊ အရှိန်မှန်မှန်ပြေးနေသော မြင်းနှင့် သူမ၏နောက်မှ သူမကို သည်းသည်းလှုပ် ကာကွယ်ပေးနေသော အမျိုးသားကြောင့် နဉ်ရှီ၏ စိတ်ထဲတွင် တလောကလုံး၏ ဖူးဖူးမှုတ် အလိုလိုက်ခံနေရသလို ခံစားလိုက်ရသည်။

“အရှိန်တင်လိုက်ရမလား..?” ချန်းရှီကွေ့က ခေါင်းအသာငုံ့၍ မေးသည်။ သူ၏ နှုတ်ခမ်းများက နဉ်ရှီ၏ နူးနူးညံ့ညံ့ နားရွက်ဖျားလေးကို ထိတွေ့နေလေ၏။ နဉ်ရှီမှာ နားရွက်တစ်ခုလုံး ထုံထိုင်းသွားသလို ခံစားလိုက်ရပြီး ကပျာကယာ လက်ဖြင့် အုပ်မိသည်အထိ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now