Chapter [16]

1.3K 166 6
                                    

Translated by Melinoe_Megami

[Unicode]

အခန်း (၁၆) - နတ်မိမယ်အဖြစ် ရိုက်ကူးခြင်း

ဆောင်းဝင်လာသည်နှင့် မြို့တော်တွင် နှင်းများကျဆင်းလာခဲ့သည်။ နဉ်ရှီသည်လည်း ‘Tán Hǎixiān jì’ ရုပ်ရှင်အဖွဲ့မှ အကြောင်းကြားစာ ရခဲ့လေ၏။

ရုပ်ရှင်အတွက် ဇာတ်ညွှန်းရထားတာ ကြာပြီဖြစ်တာကြောင့် နဉ်ရှီ ဇာတ်ညွှန်းတစ်ခုလုံးကို မှတ်မိနေပြီဖြစ်သည်။ မူရင်းဝတ္ထုကိုလည်း ကြိုဖတ်ထားခဲ့ပြီး လူအများ စိတ်ကူးထားသော နတ်မိမယ်ချင်းယန်အဖြစ် ဖန်တီးနိုင်ရန် ထိုဝတ္ထု၏ Review များကိုပင် ဖတ်ထားခဲ့သည်။

သူမက ‘Tán Hǎixiān jì’ ရုပ်ရှင်၏ အမျိုးသမီးဇာတ်လိုက် မဟုတ်ပါသော်လည်း novel fan များကြားတွင် နတ်မိမယ်ချင်းယန်က အမျိုးသမီးဇာတ်လိုက်ထက် ပို၍နာမည်ကြီး၏။ ဤသည်က ထိုဇာတ်ကောင်အတွက် ဒါရိုက်တာချင်း အချိန်ကုန်ခံနေသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်သည်။

အနုပညာလောကထဲ ဝင်ရောက်လာတာ မကြာသေးသော သရုပ်ဆောင်သစ်လေးက ထိုဇာတ်ကောင်ကို ရရှိသွားသည့်အပေါ် လူအများ မနာလိုဖြစ်ကြရသည်။ သို့သော် နဉ်ရှီက အရမ်းနာမည်မကြီးသေးသောကြောင့် သူမ သရုပ်ဆောင်ကောင်းသလား၊ မကောင်းဘူးလားဆိုတာ မည်သူမှ မသိကြသေးပေ။ ထို့ကြောင့် လက်တလောမှာတော့ နဉ်ရှီကို လာရောက်ပြောဆိုသော anti fan များလည်း မရှိသေးပေ။

ဤလောကတွင် anti fan ရှိခြင်းကလည်း အောင်မြင်ကျော်ကြားခြင်း၏ လက္ခဏာတစ်ခုဖြစ်ပေ၏။ တချို့သရုပ်ဆောင်များဆိုလျှင် သူတို့၏ရှက်စဖွယ်ဖြစ်ရပ်များကို ကိုယ်တိုင်ဖော်ထုတ်၍ လူသိများအောင် လုပ်ဆောင်တတ်ကြသည်။ ထို့ကြောင့် နဉ်ရှီ နာမည်မကြီးသေးခင် လူအများက Negative comment များပေး၍ သူမကို ကျော်ကြားစေသည်အထိ သဘောမကောင်းကြပေ။

ကျို့ကျီကုမ္ပဏီကလည်း အမျိုးသမီးသရုပ်ဆောင်များနှင့်ပက်သက်၍ ကံဆိုးတတ်ရာ မကောင်းသတင်းများဖြင့် လူစိတ်ဝင်စားအောင် ပြုလုပ်ခြင်းမျိုး မလုပ်လိုကြပေ။ သူတို့၏ကြယ်ပွင့်လေး မတောက်ပခင် အရင်မှေးမှိန်သွားမှာမျိုး မလိုလားကြချေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now