Chapter [35.2]

1K 132 4
                                    

Translated by milimwwwww

[Unicode]

ဝေသုန်လိုင်သည် ထိုအကြောင်းအရာ၏ အဆုံးသတ်ဟာ သူသိချင်မည့်အရာ မဟုတ်သည်မှန်း သိလိုက်ရ၏။

"ကျွန်မအဖေ ကားတိုက်ခံလိုက်ရတယ်၊ အဲ့နေရာတစ်ပြင်လုံးက ကျွန်မအဖေရဲ့သွေးတွေနဲ့ပဲ ဖုံးလွှမ်းနေခဲ့တာ သူဆေးရုံကိုပို့ခံလိုက်ရတုန်းက ကျွန်မစတိုခန်းမှာ ပိတ်မိနေသေးတုန်းပဲ" နဥ်ရှီ၏အသံဟာ တုန်လာပေမယ့် သူမ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ပွင့်ဟာရှိနေသေးတုန်းဖြစ်သည်။ "မစ်စတာဝေ ခန့်မှန်းကြည့်လိုက်လေ အဲ့တုန်းက ဘယ်သူက ကျွန်မဖုန်းကိုဝှက်ခဲ့လဲဆိုတာ"

ဝေသုန်လိုင်သည် သူ၏ပါးစပ်ကိုဖွင့်လိုက်ကာ နဥ်ရှီ၏လက်ကို မသိလိုက်စွာ​ဖြင့်ပင် လွှတ်ပေးလိုက်မိ၏။ အရှုပ်ထုပ်လုပ်နေဆဲဖြစ်သည့် သူ၏ညီမကို ​ကြည့်လိုက်ကာ နဥ်ရှီကို ပြန်ကြည့်မိသည်။ မရေမတွက်နိုင်သည့် သဲပွင့်များဖြင့် သူ့၏လည်ပင်းမှာ အသက်ရှုမရနိုင်သလိုခံစားနေရ၏။ နာကျင်ရသည် မရိုးမရွဖြစ်သည် ရွံတောင်ရွံမိသည်။

နဥ်ရှီ၏အသံဟာ သေးငယ်လွန်းလှသည်။ သို့သော် ဝေသုန်လိုင်၊ ကျန်းချင်းယွင်နှင့် ဝေသုန်လိုင်၏ အတွင်းရေးမှူးတို့သည်တော့ သူမ၏အသံကို ကြားနေရဆဲဖြစ်၏။

နဥ်ရှီအား နတ်ဘုရားမ အဖြစ်မှတ်ယူသော အတွင်းရေးမှူးသည် သူမ၏စကားလုံးများကြောင့် ထိတ်လန့်သွားရသည်။ အတော်ကြာအောင် မှိုင်တွေနေပြီး နဥ်ရှီအား သနားလာမိ၏။ ငယ်ရွယ်လှပသောအချိန်၌ ထိုကဲ့သို့သော မတော်တဆမှု သူမဘယ်လောက်တောင် ကြေကွဲခဲ့ရလိမ့်မလဲ?

ယခုအချိန်တွင်၊ ဝေစစ်ချီကို ကြည့်မိလိုက်သည့် အတွင်းရေးမှူးသည် နဥ်ရှီ၏ သည်းခံနိုင်စွမ်း ကောင်းလှသည်ဟု ရုတ်တရက်တွေးမိသွား၏။ သူမ ဝေစစ်ချီ၏ နှောင်ယှက်မှုကို တန်ပြန်မပြောခင် အလွန်တရာမျှ သည်းခံခဲ့ရလောက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်*1......" ထိုစကားလုံးများသည် နာကျင်ခံစားခဲ့ရသူအတွက် အဓိပ္ပါယ်မရှိဟု ဝေသုန်လိုင် ခံစားလိုက်ရသည်။ အနောက်ကိုလှည့်ကာ မူးကြောင်ရူးကြောင်ဖြစ်နေသော သူ၏ညီမကို ဆွဲခေါ်သွား၏။ "မစ်နဥ် ကျွန်တော်ရဲ့ညီမကို သွန်သင်ဆုံးမမှုမရှိခဲ့တဲ့ ကျွန်တော်တို့ ဝေမိသားစုရဲ့ အမှားပါ"

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now