Chapter [28]

1.2K 144 2
                                    

Translated by Melinoe_Megami

[Unicode]

အခန်း (၂၈) – New Project

ချန်းရှီကွေ့ဘက်မှ နဉ်ရှီ၏နာမည် ထုတ်ပြောလာချိန်တွင် ကျန်းချင်းယွင်က နားမလည်နိုင်သောအကြည့်ဖြင့် ထိုအမျိုးသားကို ကြည့်လိုက်မိသည်။ ရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောလာခါမှ ကျန်းချင်းယွင်လည်း ချက်ချင်း နားလည်သွားတော့သည်။ မစ္စတာချန်းက နဉ်ရှီကို အမှန်တကယ် ချီးမွမ်းနေခြင်းမဟုတ်၊ သူက လီကျန့်ဟွေအား အနုပညာလောက မည်မျှအလားအလာကောင်းကြောင်း ပြောပြနေခြင်းသာ။

ဤနိုင်ငံတွင် ဖျော်ဖြေရေးကုမ္ပဏီများစွာ ရှိပါသော်လည်း ထိုကုမ္ပဏီများအနက် ကျို့ကျီကုမ္ပဏီက နာမည်သတင်းအကောင်းဆုံးဟု ဆိုနိုင်ပေသည်။ အမျိုးသမီးသရုပ်ဆောင်များ မပျိုးထောင်နိုင်သည်မှလွဲ၍ တခြားကြီးကြီးမားမားပြစ်ချက်ဟူ၍ မရှိပါချေ။

သူတို့သူဌေးက လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ပြောချင်နေသည်။ သူ့တွင် နားထောင်ခွင့်မရှိသောကြောင့် ကျန်းချင်းယွင်က အလိုက်သိစွာဖြင့် ပြောလိုက်သည်။

“မစ္စတာချန်း.. သူဌေး.. ကျွန်တော် ဇာတ်ညွှန်းနည်းနည်း ဖတ်စရာရှိသေးလို့ ခင်ဗျားတို့ကို မနှောင့်ယှက်တော့ဘူး..”

“ဒါဆိုလည်း သွားလုပ်တော့..” လီကျန့်ဟွေက စိတ်ကောင်းဝင်နေတာကြောင့် လက်ယမ်းပြလိုက်သည်။ ထိုအခိုက် အတွင်းရေးမှူးမလေးက လက်ဖက်ရည်ယူ၍ ပြန်ရောက်လာ၏။ ချန်းရှီကွေ့က ကျန်းချင်းယွင်ကို လှမ်းမေးလိုက်သည်။

“မစ္စတာကျန်းလက်အောက်မှာ သရုပ်ဆောင်ဘယ်နှစ်ယောက်ရှိလဲ..?”

လီကျန့်ဟွေလည်း ဦးနှောက်ကို အပြင်းအထန်အလုပ်ပေးကာ ချက်ချင်းပြန်ဖြေလိုက်သည်။

“ကုမ္ပဏီဘက်က နဉ်ရှီကို အရမ်းတန်ဖိုးထားတာဆိုတော့ ချင်းယွင်က သူမတစ်ယောက်တည်းကိုပဲ ကိုင်တွယ်ရပါတယ်.. နဉ်ရှီအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်အောင်ပေါ့..”

ချန်းရှီကွေ့က သူ့ရဲ့သရုပ်ဆောင်ကို ချီးမွမ်းနေတာကြောင့် သူဌေးတစ်ယောက်အနေဖြင့် လီကျန့်ဟွေ ဘဝင်ခွေ့နေတော့၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now