Chapter [41]

1.1K 123 0
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၄၁)

နဉ်ရှီသည် ဟိုတယ်မှာပင် တစ်ညအိပ်စက်လိုက်သည်။ သူမ အိပ်မပျော်ခင် ဝန်ထမ်းတစ်ယောက်က အရိုးစွပ်ပြုတ် တစ်ပန်းကန် လာပို့ခဲ့သေးသည်။

နောက်တစ်ရက်မနက်၊ တံခါးခေါက်သံကြောင့် နဉ်ရှီ နိုးလာခဲ့၏။ အခန်းတံခါး ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရပ်စောင့်နေသော ချန်းရှီကွေ့ကို မြင်လိုက်ရသည်။ သူ၏လက်ထဲတွင် မနက်စာနှင့် အိတ်တစ်လုံး ကိုင်ထားပြီး ထိုအိတ်ထဲတွင် အမျိုးသမီးဝတ် အဝတ်အထည်များနှင့် ဖိနပ်တစ်ရံ ပါရှိလေသည်။

“Good Morning..” ချန်ရှီကွေ့သည် သူ့လက်ထဲမှ ပစ္စည်းများကို နဉ်ရှီထံ ကမ်းပေးလိုက်သည်။ ပြီးနောက် ပြုံးလိုက်ရင်း.. “ကိုယ် ဘေးအခန်းမှာရှိနေမယ်.. မနက်စာစားပြီးရင် မင်းကို ပြန်ပို့ပေးမယ်လေ..”

“ကျေးဇူးတင်ပါတယ်..” နဉ်ရှီက ပစ္စည်းများကို စားပွဲပေါ်တင်လိုက်သည်။ ပြီးနောက် ချန်းရှီကွေ့ဘက်လှည့်ကာ.. “အထဲဝင်ထိုင်ပါဦးလား..?”

ချန်းရှီကွေ့သည် နဉ်ရှီကိုသာ ငေးမောကြည့်နေပြီး ခေါင်းယမ်းလိုက်သည်။ “မင်း မနက်စာစားမှာကို မနှောင့်ယှက်တော့ဘူး..”

နဉ်ရှီက ပြုံးလိုက်သည်။ “ဟုတ်ပြီ..”

တံခါးပိတ်ပြီးနောက် နဉ်ရှီ သူမကိုယ်သူမ လှောင်ရယ်လိုက်မိသည်။

ကောင်းတာပဲ၊ ဒီနေ့ကစပြီး သူတို့တွေ ကိုယ့်လမ်းကိုယ် လျှောက်ကြရတော့မှာ။ သူက ချန်း Group ရဲ့ CEO အဖြစ် ဆက်ရှိနေလိမ့်မယ်။ ကိုယ်ပိုင်မိသားစုတစ်ခု တည်ဆောက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးတစ်ခု ပိုင်ဆိုင်နိုင်လိမ့်မယ်..!

မနက်စာထမင်းဘူးကို ဖွင့်ကြည့်လိုက်သောအခါ သစ်သီးစုံဆန်ပြုတ် တစ်ပန်းကန်နှင့် အရွက်သုပ်၊ ပန်ဒါဝက်ဝံသဏ္ဌာန် ပုံဖော်ထားသော pastry တချို့ကို တွေ့လိုက်ရလေ၏။ ထိုအရာများကို မြင်သောအခါ နဉ်ရှီ တောင့်ခဲသွားခဲ့သည်။

သိပ်မကြာခင်က Weibo မှ Post တစ်ခုကို သူမ Like လုပ်ခဲ့မိသည်။ ထို Post မှဓာတ်ပုံသည် ယခု သူမ,ရှေ့တွင် ရှိနေသော အရာများပင်ဖြစ်သည်။ အမှန်တော့ ပန်ဒါ pastries များဟာ အတော်လေး ချစ်စရာကောင်းသောကြောင့် နှစ်သက်မိရုံသာ။ တကယ်ကြီး စားချင်ခဲ့တာမဟုတ်ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now