Chapter [98]

693 90 8
                                    

[Unicode]

အပိုင်း (၉၈)

သတင်းထောက်တွေက ယမန်နေ့ကအဖြစ်အပျက်ကြောင့် ဒီကိုရောက်နေတာဖြစ်မည်ဟု နဉ်ရှီ ယူဆလိုက်သည်။ ချန်းရှီကွေ့နှင့်ဘော်ဒီဂတ်နှစ်ယောက်က နဉ်ရှီရှေ့လာရပ်ကာ သူမကို ကာကွယ်ပေးနေ၏။

”ရှီရှီ၊ ဒီမနက် ‘သုံးဘဝသုံးရောင်ခြယ်’ထဲက မင်းရဲ့ဇာတ်ကောင်ကို ဗိုလ်ချုပ်လင်း ချီးကျူးသွားတာနဲ့ပတ်သက်ပြီး ဘာများပြောချင်တာရှိလဲ?”

“မင်းသရုပ်ဆောင်ထားတဲ့ အမျိုးသမီးဇာတ်လိုက်မှာ မယိုင်နဲ့တဲ့စိတ်ဝိဉာဉ်မျိုးနဲ့ အမျိုးသမီးတစ်‌ယောက်ရဲ့ မွေးရာပါမြင့်မြတ်မှုမျိုး ရှိတယ်လို့ ဗိုလ်ချုပ်လင်းက ပြောသွားတယ်နော်။ သူ့စကားတွေကြောင့် ရင်ခုန်သွားလားခင်ဗျ?”

နဉ်ရှီစိတ်ရှုပ်သွားတော့သည်။ သတင်းထောက်တွေ ဘာအကြောင်း ပြောနေလဲဆိုတာကို သူမတကယ်မသိချေ။

“သုံးဘဝ သုံးရောင်ခြယ်” စတင်ထုတ်လွှင့်ကတည်းက rating တွေက မြင့်သထက်မြင့်လာနေသည်။ သူမပါဝင်သရုပ်ဆောင်ထားသည့် အမျိုးသမီးဇာတ်လိုက်သုံးယောက်ဟာ မိန်းကလေးဖန်အများအပြားမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံနေရ၏။ ဇာတ်ကား၏မြင့်တက်လာသော rating နှင့်ကျော်ကြားမှုက ခေတ်သစ်အမျိုးသမီးတို့၏ လွတ်လပ်ရေးအတွက် ပြင်းပြသောစိတ်ဆန္ဒနှင့် gender equality ကိစ္စအတွက် အမျိုးသမီးများ၏နိုးထလာမှုတစ်ခုဖြစ်မည်ဟု မီဒီယာကပင် ထင်ကြေးပေးလာကြသည်။

သို့ပေသိ နဉ်ရှီက “တုနှိုင်းမဲ့ပေးဆပ်ချစ်ခြင်း”၏ ရိုက်ကူးရေးနှင့် လုံးပန်းနေခဲ့ရပြီး သူမအမေ၏ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသော အမှုအပေါ်၌သာ အာရုံစိုက်နေခဲ့ရသည်။ ထို့ကြောင့် “သုံးဘဝသုံးရောင်ခြယ်” ထုတ်လွှင့်မှုကို သူမအာရုံသိပ်မရှိလိုက်ပေ။ သူမသိသလောက်တော့ ရုပ်ရှင်က ရောင်းအားကောင်းနေသည်ဟု။ ကနဦးက ရုပ်ရှင်မှာရင်းနှီးမြှုပ်နှံဖို့ရာ သူမ၏ဝင်ငွေများကို အသုံးပြုခဲ့တာကြောင့် အမြတ်အနည်းငယ်တော့ရလိုက်၏။

အဓိကရင်းနှီးမြှုပ်နှံသူကြီး ချန်းရှီကွေ့လည်း ဝင်ငွေအမြောက်အမြားရလိုက်သည်။ ထိုမှလွဲ၍ နဉ်ရှီလည်း တခြားကိစ္စများကို အာရုံစိုက်ရန် အားအင်မရှိတော့ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now