Chapter [52]

1K 129 1
                                    

Translated by milimwwwww

[Unicode]

အခန်း - (၅၂)

နဉ်ရှီ သူမ နိုင်ငံရပ်ခြားရောက်ခဲ့စဉ်အခါက မဂ္ဂဇင်းများတွင် အချိန်ပိုင်း မော်ဒယ်လေ့ကျင့်ခြင်းများလုပ်ခဲ့ပေသည်။ ထို့ပြင် ဓာတ်ပုံဆရာနှင့်လည်း အစေးကပ်သောကြောင့် ရှုတင်အဆုံးတွင် ဓာတ်ပုံဆရာက နဉ်ရှီကို မြှောက်မဆုံးနိုင်ပေ၊ သူမနှင့် နာမည်ကဒ်များကို လဲလှယ်ချင်တဲ့ထိပင်။ ဓာတ်ပုံရိုက်ကွင်းအဆုံးတွင် နဉ်ရှီ web-casted talk showတစ်ခု၌ ပါဝင်ခဲ့ပေသည်။

Talk showသည် နှစ်ရက် ကြိုတင်ကာ ရိုက်ကူးထားခဲ့ခြင်း ဖြစ်ပြီး  hostသည် နာမည်ရှိသော တက္ကသိုလ်တစ်ခုမှ အငြိမ်းစားပရော်ဖက်ဆာ တစ်ဦးဖြစ်လေ၏။ သူသည် လူငယ်များကြားတွင် သူ၏ဗဟုသုတနှင့် အရည်အချင်းများကြောင့် နာမည်ကြီးသူလည်း ဖြစ်ပေသည်။ သူ၏ရှိုးသည် သိပ္ပံပညာရပ်၏ စိတ်ဝင်စားစရာ Facts/အမှန်တရားများ ပါဝင်သည်သာ မဟုတ်၊ သူ့ခပ်ရွှင်ရွှင် စိတ်လှုပ်ရှားစဖွယ် အပြုအမူများဖြင့် ပျင်းစရာကောင်းလှသော ရှေးခေတ်ဖြစ်ရပ်များကိုပင် တင်ဆက်နိုင်သေး၏။

နဉ်ရှီသည် talk show တွင်ပါဝင်ရသည့် အချက်သည်ကား ၂ချက်။ ပထမအချက်သည် host ပရော်ဖက်ဆာအား လေးစားသောကြောင့်၊ ဒုတိယမှာမူ ဤtalk showသည် အကြီးမားဆုံး platform 3ခုထဲက တစ်ခုဖြစ်သော ပိုင်ဟွေ့ အင်တာတိန်းမန်းမှ ဦးစီးကာ လွှင့်မှာဖြစ်သောကြောင့်ပင်။ နဉ်ရှီ၏ ရှိုး၂ခုဖြစ်သော 'လှပသော တိမ်တိုက်နီများ'နှင့် Tán Hăixian jí တို့၏ အင်တာနက် broadcasting လိုင်စင်များကိုလည်း ဤကုမ္ပဏီမှ ဝယ်ထားသေးသည်။ ပိုင်ဟွေ့အင်တာတိန်းမန့်၏ ဌာနချုပ်တွင်၊ နဉ်ရှီ မိတ်ကပ်ပြင်ပြီးချိန်တွင်  ခပ်ရွှင်ရွှင်ဟန်ပန်ရှိသည့် လူငယ်တစ်ဦးဝင်လာ၏။ ထိုလူသည် သူမအား “နတ်ဘုရားမ ရှီရှီ” ဟုစတင်ခေါ်လာကာ ပိုင်ဟွေ့အင်တာတိန်းမန့်၏ တခြားရသစုံရှိုးတွင် broadcast မည်ဖြစ်သော နွေဦးလယ်ပွဲတော်ရှိ ပရိသတ်များအား ဆုမွန်ကောင်းများ တောင်းပေးရန် တောင်းဆိုလာပေ၏။

တရုတ်လူမျိုးများ မိသားစုဝင်များနှင့် ပြန်ဆုံစည်းကြမည့် ပွဲတော်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now