Chapter [24]

1.2K 143 2
                                    

Translated by Melinoe_Megami

[Unicode]

အခန်း (၂၄) - နေ့လည်စာ

“ဒီနားလေးမှာပဲ..” ချန်းယီကျွင်းက သူ့ခြေထောက်မှရွှံများကို ခြစ်ထုတ်ရန်ကြိုးစားလိုက်ရင်း.. “ငါကြားထားတာတော့ သူက အခုတလော ရုပ်ရှင်တစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်တဲ့.. ဒီနေ့ ရိုက်ကွင်းအတွက် ဒီကိုလာမှာ..”

“သူ့ကိုရှာတွေ့ရင်တောင် ငါတို့နှင့် အလုပ်ကိစ္စပြောချင်ပါ့မလား..” ဟယ်သုန်ကျန်းက ပင့်သက်ရှိုက်လိုက်၏။ သူ့အသံက တုန်ယင်နေသည်။ “ဟိုကိုရောက်ရင် ဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ..?”

ချန်းယီကျွင်းက ပါးစပ်လှုပ်လိုက်သော်လည်း ဘာမှမပြောခဲ့ချေ။ လွန်ခဲ့သော နှစ်လခန့်ကဆိုလျှင် ချန်းရှီကွေ့အား မျက်နှာချိုသွေးရလိမ့်မည်ဟု တွေးပင်မတွေးမိခဲ့သော်လည်း ယခုတော့…

သူလုပ်ရမည့်ကိစ္စကို တွေးမိလေတော့ ချန်းယီကျွင်း သက်ပြင်းချမိသည်။

“ဟယ်သုန်.. မင်းလည်း ငါတို့မိသားစုရဲ့ အိမ်တွင်းရေးအခြေအနေကို သိနေပြီးသားပဲ.. အဲ့အတွက် ငါအတတ်နိုင်ဆုံး ကြိုးစားမှဖြစ်မယ်..”

ဟယ်သုန်က ပခုံးပုတ်လိုက်ရင်း.. “ငါသိပါတယ်.. အရင်ဆုံးကြိုးစားကြည့်ကြတာပေါ့..”

***

“ဒီဇာတ်ကွက်ကို တစ်ကြိမ်လောက် ထပ်ရိုက်ကြတာပေါ့.. အိုကေ..?” သူလိုချင်သည့်အတိုင်း အတိအကျရိုက်ကူးပြီးသည်နှင့် ချင်းချုံဟိုင်က အော်လန်ကို အောက်ချလိုက်သည်။ ပြီးနောက် သူ့အနောက်မှာထိုင်နေသော Big Boss ကြီးကို လှည့်ကြည့်လိုက်၏။ ထိုအခါမှ ဤလူကြီးလူကောင်းကို အေးစက်စက်ခွေးခြေခုံလေးပေါ်မှာ အချိန်အတော်ကြာ ပစ်ထားခဲ့မိမှန်း သတိရသွားသည်။

“မစ္စတာချန်း..” ချင်းချုံဟိုင်က ဖျစ်ညှစ်ပြုံးလိုက်ပြီး.. “ဇာတ်ကွက်တစ်ခုတည်းကို ရိုက်ကူးနေရတာ တကယ့်ကို ပျင်းစရာပဲ.. ထိုင်စောင့်နေရအောင် လုပ်မိပြီ..”

ချန်းရှီကွေ့က ရိုက်ကွင်းကို ဝေ့ကြည့်လိုက်သည်။ ပြီး‌နောက် ချင်းချုံဟိုင်ကို ပြုံးပြလိုက်ပြီး.. “ဒါရိုက်တာချင်း ရုပ်ရှင်ရိုက်နေတာ တကယ် စိတ်ဝင်စားဖို့ကောင်းပါတယ်..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now