Chapter [47]

1K 122 2
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၄၇)

‘Feiyu Awards’ ဆုအပေါ် လူအများ စိတ်ဝင်စားလျက်ရှိပြီး ဆုပေးပွဲကို အမျိုးသားရုပ်သံဌာနမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်၏။ သတင်းထောက်များသည် ပွဲမစတင်ခင်ကတည်းက ဝန်ထမ်းများနှင့်အတူ အင်တာဗျူးလုပ်ရန် ကြိုရောက်နေရသည်။

‘ဆုပေးပွဲ’မည်သည် နာမည်ကျော်ကြားသူများ စုစည်းတက်ရောက်ရာ ပွဲအခမ်းအနားမျိုးပင်။ ထုတ်လုပ်သူများ အပါအဝင် ရုပ်သံဌာနမှ အရေးပါအရာရောက်သူများ၊ ဇာတ်ညွှန်းရေးသူများနှင့် အနုပညာရှင်များက ပွဲနှင့်အညီ ဝတ်စားဆင်ယင်ကာ တစ်ဦးပြီးတစ်ဦး ဖြည်းဖြည်းချင်း ပေါ်ထွက်လာကြလိမ့်မည်။

ထိုအထဲမှ ‘ဘယ်မင်းသမီးက အကောင်းဆုံး ဝတ်စားထားတာ၊ ဘယ်သူက မျက်စိနောက်ဖို့ကောင်းတာ၊ ဘယ်သရုပ်ဆောင်ကတော့ ဘယ် Brand ကို စပွန်ဆာရထားတာ၊ ဘယ်တစ်ယောက်ကတော့ အတုတွေ ဝတ်စားထားတာ..’ စသည့် အကြောင်းအရာများသာ သတင်းထောက်နှင့် ပရိသတ်များက စိတ်ဝင်တစား ဆွေးနွေးတတ်ကြ၏။

နာမည်ကြီးရုပ်ရှင်မင်းသမီးတိုင်း အနှီကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။ နဉ်ရှီသည်လည်း ခြွင်းချက်မရှိ။

နဉ်ရှီသည် ပြည်တွင်းဖက်ရှင်တံဆိပ်တစ်ခုမှ စပွန်ဆာပေးသော တရုတ်ရိုးရာဒီဇိုင်းပုံစံ ဂါဝန်ရှည်ကို ဝတ်ဆင်ထား၏။ ထိုပြည်တွင်းဖက်ရှင်က အဝတ်အစားနှင့် လိုက်ဖက်ညီစေရန် ပုလဲတစ်ဆင်ဆာကိုပင် စပွန်ဆာထပ်ပေးခဲ့သေးသည်။

တရုတ်ဝတ်စုံများသည် ဖက်ရှင်လောကတွင် သိပ်ပြီးအာရုံစိုက်ခံရခြင်း မရှိပေ။ ထို့ကြောင့် နာမည်ကျော်ကြယ်ပွင့်များသည် အနောက်တိုင်းဖက်ရှင်ကိုသာ ပိုမိုဦးစားပေးကြပြီး တချို့နာမည်ကြီးများဆိုလျှင် ကိုယ်တိုင်းအတိအကျဖြင့် သီးသန့်မှာယူတတ်ကြသည်။

‘ချင်ဖုန်း’ဖက်ရှင်သည် ‘လှပသော တိမ်တိုက်နီများ’ ရုပ်ရှင်ဇာတ်ကားမှ နဉ်ရှီ၏ ရင်သပ်ရှုမောဖွယ် အလှတရားကြောင့် တကူးတက ဆက်သွယ်ခဲ့ခြင်းဖြစ်၏။ ထို့အပြင် နဉ်ရှီ၏ အကျင့်စရိုက်၊ အရှိန်အဝါက သူတို့၏ ထုတ်ကုန်အသစ်နှင့် လိုက်ဖက်ညီနေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now