Chapter [56]

1K 121 2
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၅၆)

"ကျေးဇူးပြုပြီး ထိုင်ခုံလဲပေးလို့ရမလား ခင်ဗျ..?" ချန်းရှီကွေ့က အခန်းထောင့်တွင် ထိုင်နေသော ကျူးမိုလီကို တစ်ချက်ကြည့်ကာ ကျန်းဖေးဖေးထံ လျှောက်သွားလိုက်သည်။ "နဉ်ရှီနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ.."

"ရတာပေါ့.. ရတာပေါ့.." ကျန်းဖေးဖေးက သူမ၏ထိုင်ခုံနေရာမှ ချက်ချင်း ထပေးသည်။

"ကျေးဇူးတင်ပါတယ်.." ချန်းရှီကွေ့က ခေါင်းဆတ်ကာ ကျန်းဖေးဖေးကို ကျေးဇူးတင်လိုက်သည်။ မပြောပလောက်သည့် အပြုအမူဖြစ်သော်ငြား အထက်တန်းလွှာတစ်ဦး၏ ကြော့ရှင်းထည်ဝါမှုများ ပါဝင်နေသည်။ သူ့ရဲ့လက်ထဲက ဇွန်းနဲ့ခက်ရင်းတွေက သူ့ရဲ့ပုံရိပ်အပေါ် သက်ရောက်မှု ရှိနေပေမယ့်ပေါ့။

"ရပါတယ်ရှင်.." ကျန်းဖေးဖေးက ညင်သာစွာ ပြန်ပြောလိုက်ရင်း ချန်းရှီကွေ့၏ မူလထိုင်ခုံသို့ အမြန်သွားလိုက်၏။ ပြီးနောက် ရင်ဘတ်ကို ဖိထားမိရင်း တွေးလိုက်မိသည်။

ဒီလောက်ညှို့ဓာတ်ပြင်းတဲ့ ယောက်ျားမျိုး ရှိနေသေးတာလား..?

သူမက လေးစားလွန်းသော မျက်ဝန်းများဖြင့် နဉ်ရှီကို ခိုးကြည့်လိုက်၏။

နဉ်ရှီက တကယ့်ကို အောင်နိုင်သူဘုရင်မတစ်ပါးပဲ။ ဒီအတိုင်းထိုင်နေရင်းတောင် ဒီလိုညှို့ဓာတ်ပြင်းတဲ့ ယောက်ျားတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်..!

တခြားလူများလည်း ချန်းရှီကွေ့၏ အပြုအမူကို သတိထားမိသွားပြီး အခြေအနေကို နားလည်လိုက်ကြသည်။ ကျူးမိုလီ ရောက်မလာခင်က ဥက္ကဋ္ဌချန်းသည် နဉ်ရှီအပေါ် မြတ်နိုးတန်ဖိုးထားကြောင်း ဖော်ပြခဲ့သော်လည်း ထိုင်ခုံလဲရန် မတောင်းဆိုခဲ့ပေ။ ကျူးမိုလီရောက်လာပြီးနောက် ဥက္ကဋ္ဌချန်း၏ အမူအရာ ပြောင်းလဲသွားခြင်းက နဉ်ရှီနှင့် ကျူးမိုလီကြားမှ ပြဿနာအပေါ် သူ မည်မျှသတိထားကြောင်း၊ ထိုင်ခုံလဲရန် တောင်းဆိုလိုက်ခြင်းက နဉ်ရှီအား ကျူးမိုလီ ကိုယ်ထိလက်ရောက် စော်ကားလာမှာ စိုးရိမ်နေကြောင်း ဖော်ပြနေလေ၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now