Chapter [51]

1K 134 28
                                    

[Unicode]

ခမ်းနားထည်ဝါသော ချစ်ခွင့်ပန်ခြင်း ဟူသည့် သတင်းမျိုးက အများအားဖြင့် အာရုံစိုက်ခံရလေ့မရှိပေ။ သို့ပေမယ့် ချစ်ရေးဆိုခံသူက အမျိုးသမီးအနုပညာရှင်တစ်ယောက်ဟု ကောလာဟလထွက်လာခဲ့လျှင်တော့ လူထု၏သိချင်စိတ်က မြင့်တက်လာလိမ့်မည်။

ဖျော်ဖြေရေးကုမ္ပဏီများနှင့် အဆက်အသွယ်ကောင်းရှိ‌သည့် အချို့သတင်းထောက်များဆိုလျှင် သူတို့၏အဆက်အသွယ်များကိုခေါ်ပြီး အတွင်းသတင်းအတွက် စုံစမ်းမေးမြန်းကြတော့သည်။ သို့သော်ငြား သူတို့လက်ခံခဲ့ရသည့် တစ်ခုတည်းသောအဖြေကတော့ မရေရာမှုပင်။

ပုံထဲက ပုံရိပ်နှစ်ခုကလွဲလျှင် ကျန်တဲ့တစ်ခုတည်းသောသဲလွန်စက မီးရောင်တလက်လက်တွေပင်။ သို့သော်ငြား အနီးအနားပတ်ဝန်းကျင်က တည်ဆောက်ပုံကိုကြည့်ပြီး ဒီပုံကို ဘယ်ရပ်ကွက်ကရိုက်ခဲ့လဲဆိုတာ ပြောဖို့မဖြစ်နိုင်ပေ။ အချို့မီဒီယာများဆိုလျှင် ချမ်းသာသောသူများ နေထိုင်သည့် အိမ်ရာအမျိုးမျိုးဘက်သို့ပင်သွား၍ လှည့်ပတ်မေးခဲ့သော်ငြား မည့်သည့်အဖြေမျှမရခဲ့ချေ။

နောက်တစ်နေ့နံနက်ခင်း နဉ်ရှီနိုးလာသောအခါ ဒယ်အိုးထဲကကြက်ဥတွေရဲ့အနံ့ကိုရလိုက်သည်။ သူမအခန်းထဲမှထွက်လာပြီး မီးဖိုချောင်ဆီ လျှောက်သွားလိုက်သည်။ ချန်းရှီကွေ့က ဝါရင့်စားဖိုမှူးတစ်ယောက်လို ကြက်ဥတွေကိုပြင်နေရင်း သူမကိုကျောခိုင်းနေပြီး သူ့အင်္ကျီလက်ကိုလည်းဆွဲတင်ထားသည်။

သူမ ကြက်ဥနံ့ဖျော့ဖျော့ကို ရှူသွင်းလိုက်ပြီး ဤအခိုက်အတန့်တွင် ဒီယောက်ျားက အံ့မခန်းဖြစ်ဖွယ် ကြော့မော့နေတာကို သူမကိုယ်သူမ တွေးကြည့်ရင်း တံခါးဘောင်ကိုမှီလိုက်သည်။

အရပ်မြင့်မြင့် ပခုံးကျယ်ကျယ်နှင့် ရင့်လည်းရင့်ကျက်သလို ချမ်းသာသည့် ယောက်ျားတစ်ယောက်။ ထို့အပြင် သူက သူမအတွက် ချက်ပေးဖို့တောင် ဆန္ဒရှိ‌သေးသည်။ အနှီယောက်ျားက မလွဲမ‌သွေ ချစ်သူတစ်ယောက်အဖြစ် ဖမ်းထားရန် အသင့်တော်ဆုံးပင်။

ကံကောင်းစွာနှင့်...သူမ၏အခွင့်အရေးကား မလွတ်သွားခဲ့။

“နိုးပြီလား?” ချန်းရှီကွေ့က sunny-side-up ကို ပန်းကန်ထဲထည့်လိုက်ပြီး တံခါးဝကနဉ်ရှီကို လှည့်ကြည့်လိုက်သည်။ သူပြုံးလိုက်၏။ “ကိုယ် မင်းရဲ့အိပ်ခန်းတံခါးကို လာခေါက်တော့မလို့ပဲ”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now