Chapter [43]

1.1K 144 16
                                    

[Unicode]

“ဦးလေးကျန်း Weiboမှာ ကျွန်တော်ရှယ်ယာဝင်ထားတယ်ဆိုပေမယ့် သူတို့ရဲ့လုပ်ငန်းကိုတော့ ကျွန်တော် တစ်ခါမှ ဝင်ရောက်စွက်ဖက်ခဲ့တာမဟုတ်ဘူး” ချန်းရှီကွေ့က စိတ်မဝင်စားစွာ ပြောလိုက်သည်။ “အားနာပါတယ်... ဒီကိစ္စသေးသေးလေးကို ကျွန်တော်ကူညီပေးနိုင်မှာ မဟုတ်ဘူး”

ကျင်းဟုန်ခိုင်ကိုငြင်းပယ်ပြီးနောက် ချန်းရှီကွေ့က သူရှင်းပြလာမှာကို စောင့်မနေဘဲ မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ဆောရီး ကျွန်တော် စာရွက်စာတမ်းတချို့ကို ရှင်းစရာရှိသေးလို့”

“ရှီ ...” ချန်းရှီကွေ့က ပြန်တောင်မလှည့်လာဘဲ ထွက်သွားတာကို မြင်လိုက်တော့ ကျင်းဟုန်ခိုင်က ထပြီးသူ့ကိုခေါ်ချင်ခဲ့သည်။ သို့သော် ချန်းရှီကွေ့က မြန်လွန်းနေခဲ့၏။ သူပြောချင်တဲ့စကားတောင် အပြီးမသတ်ရသေး တစ်ဖက်လူ၏ပုံရိပ်ကတော့ ထောင့်စွန်းနားလေးမှာ ပျောက်ကွယ်သွားခဲ့ပြီ။

“မမ ဒီကလေးရှီကွေ့ကို ကြည့်ပါအုံး.. အခုသူ့ရဲ့စိတ်‌နေစိတ်ထားက ပိုတောင်ဆိုးလာပြီ၊ ဘာလို့ ...” ထောင်မင်ယပြောလို့မပြီးသေးခင် သူမအစ်မရဲ့မျက်နှာထားက နည်းနည်းကြည့်ရဆိုးလာတာကို မြင်လိုက်တာကြောင့် သူမတိတ်ကျသွားတော့သည်။

သူမ၏အစ်မကြီးက လူတွေကို ခုခံပြောဆိုခြင်းအပါအဝင် အရာအားလုံးတွင် တော်ပေသည်။ အကယ်၍ သူမသာ ချန်းရှီကွေ့က မကောင်းဘူးဟု သူမ၏အစ်မကိုပြောလိုက်ပါလျှင် သူမ၏အစ်မက ရန်လိုခက်ထန်လာကာ မည်သူ့ကိုမဆို သူတို့လိုချင်တာကို သဘောတူလက်ခံရန် ငြင်းဆန်လိမ့်မည်။

ထောင်မင်ယ၏ယောက်ျားဖြစ်သူ ကျင်းယွမ်ဖုန်းက အခြေအနေကို ဝင်ရောက်ဖျန်ဖြေလိုက်သည်။ “အစ်မရယ် မင်ယ,က သရုပ်ဆောင်တွေနဲ့အနုပညာရှင်တွေက ရှုပ်ထွေးတဲ့စိတ်မျိုးရှိတယ်လို့ တွေးလိုက်တာပါ။ ပြီးတော့ သူကတူလေးရှီကွေ့ကို အရှုံးတွေနဲ့ရင်ဆိုင်ရမှာ စိုးရိမ်မိလို့ပါ။ တခြား ဘာအဓိပ္ပာယ်မှမရှိရပါဘူး”

“နင်တို့တွေ ရည်ရွယ်ချက်ကောင်းနဲ့ ပြောနေကြမှန်းငါသိပါတယ်။ ‌ဒါပေမဲ့ ဒီကလေးမှာက အမြဲတမ်း သူ့ကိုယ်ပိုင်အတွေးအခေါ်တွေရှိနေတာ။ သူဘာပဲဆုံးဖြတ်ပါစေ ငါ့အတွက်တော့ အမေတစ်ယောက်အနေနဲ့  ဝင်စွက်ဖက်ဖို့ မလွယ်ဘူး” ထောင်ဟွေ့ရွှယ်က တည်ငြိမ်တဲ့အပြုံးနှင့် ပြောလိုက်သည်။ “ဒီအကြောင်းကို မပြောကြရအောင်... ငါတို့ တခြားအကြောင်းလည်း ပြောလို့ရတယ်လေ”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now