Chapter [72.2]

894 127 10
                                    

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၇၂/၂)

“ရှီရှီ.. နိုးနေလား..?”

ထိုအခါမှသာ နဉ်ရှီ အသိပြန်ကပ်သွားပြီး အိပ်ရာပေါ်မှ ဆင်းလာလိုက်သည်။ ထို့နောက် မှောင်ကြီးမည်းကြီးထဲ ဖိနပ်လိုက်မရှာနေတော့ဘဲ နူးညံ့အိစက်သော ကောဇောပေါ် ခြေဗလာဖြင့် လျှောက်ကာ တံခါးသွားဖွင့်ပေးလိုက်သည်။

“မီးပျက်သွားပြီ..” ချန်းရှီကွေ့က ဓာတ်မီးတစ်လက် ကိုင်ထားသည်။ “မိုးအရမ်းခြိမ်းနေလို့.. မင်းကြောက်နေလား..?”

နဉ်ရှီသည် သူမ လျှပ်စီးနှင့် မိုးခြိမ်းသံကို မကြောက်ကြောင်း ပြောချင်ခဲ့သော်လည်း အေးစက်စက် ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် မတ်တပ်ရပ်နေသော၊ ညဝတ်အင်္ကျီ ဖရိုဖရဲဖြင့် သူမအပေါ် အတော်လေး စိုးရိမ်နေပုံရသော ချန်းရှီကွေ့ကို ကြည့်ပြီး ရှေ့တိုးကာ ရင်ခွင်ထဲ တိုးဝင်လိုက်မိသည်။

“မကြောက်နဲ့တော့နော်..” ချန်းရှီကွေ့က သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးခဲ့သည်။ ပြီးနောက် သူမ ဖိနပ်မဝတ်ထားမှန်း သတိပြုမိလိုက်သဖြင့် ပွေ့ချီကာ အိပ်ရာထက်သို့ ခေါ်သွားပေးပြီး စောင်ခြုံပေးခဲ့သည်။ “ဘာမှမဖြစ်ဘူးနော်.. ကိုယ် ဒီမှာရှိတယ်..”

နဉ်ရှီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စောင်အထူကြီးဖြင့် လွှမ်းခြုံထားပြီး ခေါင်းလေးသာ ပေါ်တော့သည်။ သူမက အိပ်ရာဘေးမှာ ထိုင်နေသည့် ချန်းရှီကွေ့ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ၏ ညာဘက်လက်ညှိုးကို လှမ်းဆွဲလိုက်သည်။

ချန်းရှီကွေ့၏ လက်က အေးစက်နေသော်ငြား နဉ်ရှီ၏ နှလုံးသားထဲမှာတော့ နွေးထွေးသွားရ၏။

ချန်းရှီကွေ့က သူမ၏ လက်ကို စောင်အောက်ပြန်ထည့်ပေးပြီး.. “လိမ္မာတယ်.. အိပ်တော့..”

သူမ၏ ပုံစံလေးက ဘယ်လောက်ညှို့ဓာတ်ပြင်းနေမှန်း ဤမိန်းကလေး မသိလောက်ပေ။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူမလေးကို ပွေ့ဖက်မိမှာ စိုးရသည်။

ဂျိမ်း..! နောက်ထပ် မိုးကြိုးပစ်သံတစ်ချက် မြည်ဟည်းသွား၏။ နဉ်ရှီက သူ၏ လက်ညှိုးကို ထပ်မံဆုပ်ကိုင်လာပြန်သည်။ ဤတစ်ကြိမ်တော့ ချန်းရှီကွေ့သည် သူမ၏ လက်ကို မတွန်းထုတ်တော့ဘဲ အက်ရှစွာ ပြောလိုက်သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now