Chapter [59]

1K 130 8
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၅၉)

“အစ်ကိုချန်း.. ရောက်လာပြီလား.. လာ.. လာ.. ဒီမှာထိုင်..” ချန်းရှီကွေ့ ကောင်မလေး ခေါ်လာသည့်အချက်ကို ဆိုဖာပေါ် ထိုင်နေသူတိုင်း စိတ်ဝင်စားနေကြလေသည်။

သူတို့ထဲမှတချို့သည် အနုပညာသတင်းများနှင့် အဆက်အစပ်မရှိသဖြင့် ချန်းရှီကွေ့ဘေးမှ အမျိုးသမီးလေးကို နဉ်ရှီမှန်း မသိကြပေ။ သို့တိုင် နဉ်ရှီ၏အရှိန်အဝါ၊ အလှတရားနှင့် သူတို့၏ စဉ်းစားချင့်ချိန်နိုင်စွမ်းတို့ပေါင်းစပ်လိုက်သောအခါ ပေါ့ပေါ့တန်တန် မတွေးဘဲ နဉ်ရှီအကြောင်း သိချင်လာကြတော့သည်။

ထောင့်မှာထိုင်နေသော တုခန်က နဉ်ရှီကို မှတ်မိသွားသည်။ သို့သော် သူက လက်တိုလက်တောင်း ကောင်လေးသာ ဖြစ်သောကြောင့် စကားမဟရဲပေ။ လွန်ခဲ့သော လအနည်းငယ်က ပိုင်လုနှင့်အတူ နဉ်ရှီ၏ ရိုက်ကွင်းအထိသွားပြီး နဉ်ရှီအား သွားရှာခဲ့သည်ကို ပြန်သတိရသွား၏။ နဉ်ရှီသည် ကျင်းချန်ကို ပါးစပ်ပိတ်အောင် လုပ်နိုင်ခဲ့ပြီး ပိုင်လု၏ အမြင်မကြည်မှုကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။ ထိုစဉ်ကတည်းက နဉ်ရှီဟာ သာမာန်မိန်းမတစ်ယောက်မဟုတ်မှန်း တုခန် သဘောပေါက်လိုက်သည်။

“မိတ်ဆက်ပေးရဦးမယ်.. သူက ငါ့ကောင်မလေး.. နဉ်ရှီတဲ့..”

ချန်းရှီကွေ့သည် နဉ်ရှီကိုခေါ်ကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက် စားပွဲတစ်ခုလုံးသို့ ဝေ့ကြည့်လိုက်သည်။

သူနှင့် တစ်စားပွဲတည်း ထိုင်နိုင်သည်အထိ အရည်အချင်းပြည့်မီသော ထိုလူများသည် အဘယ်သို့ တုံးအ,မည်နည်း။ ဒါပေါ့၊ ချစ်သူကောင်မလေးကို တကူးတက ခေါ်ဆောင်လာသော ချန်းရှီကွေ့၏ ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။

ချန်းရှီကွေ့က ဒီကောင်မလေးကို အတည်ကြီးဟ..!

“ဟိုင်း.. အစ်မနဉ်..” တုခန်သည် နဉ်ရှီအပေါ် အမြင်ကောင်းရှိသဖြင့် ချန်းရှီကွေ့ မိတ်ဆက်ပေးပြီးနောက် ပြုံးရယ်ကာ လက်ပြနှုတ်ဆက်လိုက်သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now