Chapter [68.2]

873 121 2
                                    

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၈/၂)

ဓာတ်လှေကားထဲမှ ထွက်လာရုံသာရှိသေးသည်၊ ဖြတ်သွားဖြတ်လာလို ရုပ်ဖျက်ထားရာမှ သူတို့ဆီ ပြေးလာနေသော သတင်းထောက်တချို့ကို ကျန်းချင်းယွင် မြင်လိုက်ရလေ၏။ ချက်ချင်းဆိုသလို ဖုန်း၊ recorder pen နှင့် ကင်မရာအသေးလေးများ သူတို့ကို ဝန်းရံလာခဲ့သည်။

“အားလုံးပဲ.. ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ.. ဒါက ဓာတ်လှေကားဝင်ပေါက်ပါ.. ကိစ္စတစ်ခုခုရှိရင် အပြင်မှာ ဆက်ပြောလို့ရပါတယ်.. အားလုံးပဲ ကျေးဇူးပါ..” ကျန်းချင်းယွင်နှင့် ဘော်ဒီဂတ်များက နဉ်ရှီကို ကာကွယ်ပေးထားပြီး သတင်းထောက်များကို ဓာတ်လှေကားအနား ကပ်ခွင့်မပေးခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သတင်းထောက်များကလည်း ဆေးရုံထဲရောက်နေမှန်း နားလည်ကြပြီး ဆူဆူညံညံ သိပ်မလုပ်ခဲ့ပေ။ ဆေးရုံအပြင်ဘက်ထိ ကောင်းကောင်းမွန်မွန် လိုက်လာကြပြီးနောက် စုံတွဲကို မေးခွန်းများဖြင့် စတင်ပစ်ပေါက်ကြတော့သည်။

သို့သော် ထိုသတင်းထောက်များသည် အတိုင်းအတာ သိကြသေး၏။ စိတ်ညစ်ညူးစေမည့် မေးခွန်းမျိုး မမေးကြပေ။ သူတို့မေးသမျှက နဉ်ရှီ၏ ရုပ်ရှင်အသစ်အကြောင်း၊ ဆေးရုံတက်ရသည့် အကြောင်းအရင်းနှင့် လက်ထပ်ရန် အစီအစဉ်ရှိမရှိ၊ စသည်တို့သာ။

သတင်းထောက်တစ်ယောက်က ချန်းရှီကွေ့သည် နဉ်ရှီကို တစ်ချိန်လုံး ရင်ခွင်ထဲထည့်ထားပြီး မိုက်ကရိုဖုန်းနှင့် Recorder pen များ အနားကပ်ခွင့်မပြုကြောင်း သတိပြုမိသွားသည်။ ချန်းရှီကွေ့၏ အပြုအမူ၊ နဉ်ရှီအား ကာကွယ်ပေးနေသည့် မျက်နှာထားကို ကြည့်ပြီး အခြေအနေတစ်ရပ်လုံးကို သဘောပေါက်လိုက်၏။ သို့နှင့် ထိုအခြင်းအရာကို သတင်းတင်ရန် မှတ်သားထားလိုက်သည်။

“မစ္စတာချန်း.. နဉ်ရှီနဲ့ မစ္စတာချန်းတို့ သိပ်မကြာခင် လက်ထပ်တော့မယ်လို့ သတင်းထွက်နေတာလေ.. အမှန်ပဲလားခင်ဗျ..?”

နဉ်ရှီ ဝေ့လည်ကြောင်ပတ် ဖြေနေတာကို သတင်းထောက်တစ်ယောက် သတိပြုမိသွားသည်။ သူမက မေးခွန်းများကို ပြန်ဖြေပေးနေသော်လည်း တကယ်တမ်းတွင် မည်သည့်အရေးကြီးကိစ္စမျှ ထုတ်မပြောသွားပေ။ သို့နှင့် ထိုသူလည်း ချန်းရှီကွေ့ကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now