Pt.3

1.7K 177 4
                                    

"ငါ့ကိုမထားသွားပါနဲ့"

"မထားသွားဘူး...ငါပြန်လာခေါ်မှာနော်... ခဏပဲစောင့်နော်"

"မသွားပါနဲ့..ဟင့်.. ဟင့်.."

"ဟင့်အင်း... Appa ရေ..သားပြန်သွားချင်လို့ပါ"

"ဟင့်.. ဟင့်..."

"ဟင့်အင်း..."

ချွေးတွေနှင့်အော်ဟစ်ရင်း Jungkook အိပ်ယာမှနိုးလာသည်...

ရင်ထဲမှာဆို့နင့်နေသော ခံစားချက်နှင့်အတူ ဘာကို၀မ်းနဲမှန်းမသိ ရင်ထဲလှိုက်တက်လာသည်...

ဘယ်ကတည်းက ကျနေမှန်းမသိသော ပါးပြင်ပေါ်မှ မျက်ရည်များကို တချက်သုတ်ကာ အချိန်ကိုကြည့်လိုက်တော့ မနက်၁၀နာရီကျော်ပီ...

မျက်နှာချင်းဆိုင်မှ ယောင်းငယ်အခန်းတံခါးကိုတချက်ခေါက်ကာတွန်းဖွင့်လိုက်သည်...

ယောင်းငယ်လဲနိုးနေသည်...အိပ်ယာပေါ် ငူငူငေါင်ငေါင်ထိုင်နေရင်း သူ့ကိုတွေ့တော့မှအသက်၀င်လာသလို...

"ဟင်.. ကူး..."

သူ့မျက်လုံးအိမ်မှ မျက်ရည်များစိုစွတ်နေသေးသော မျက်တောင်များကြောင့် ငိုထားမှန်းသိသွားသည်...

လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သောယောင်းငယ်ရှိရင်ကုတင်ပေါ်တက်ကာ ယောင်းငယ်ရင်ခွင်နွေးနွေးထဲတိုး၀င်လိုက်သည်....

ယောင်းငယ်ဆီမှရနေကျ‌ နှင်းဆီနံ့အီအီလေးကို တချက်ရှုရင်း Jungkook ထိုသူ၏ထူးထူးခြားခြားကိုယ်သင်းရနံ့ကို မဆီမဆိုင်သတိရမိသွားသည်...

က‌လေးငယ်လို ရင်ခွင်ထဲခေါင်း၀င်ကာ ငြိမ်သက်နေ‌သောသူ့ကို..

"ဟိုအိပ်မက် ပြန်မက်‌နေလို့လားကူး"

"အင်း"

သူ့ဆံပင်များကို အသာပွတ်သပ်ပေးနေသော ယောင်းငယ်‌ကြောင့် သူစိတ်ငြိမ်သလိုလိုဖြစ်လာသည်...သူ့အတွက်တော့ ယောင်းငယ်ကမရှိမဖြစ်ပါပဲ... ငယ်ငယ်‌လေးကတည်းက ခုချိန်ထိသူမခွဲနိုင်ခဲ့‌ပေ...

သူ့မေးဖျားလေးကိုဆွဲယူကာ နှုတ်ခမ်းကိုဖွဖွနမ်းလာ‌သော ယောင်းငယ်‌‌ကြောင့် သူထိုအနမ်းများတွင်ပို‌ပျော်၀င်သွားချင်သည်... ယောင်းငယ်ခေါင်းလေးကိုကိုင်ကာ ဖိနမ်းရန်ပြင်‌နေစဥ်...

Another Side Of Me [taejinkook] ✅Where stories live. Discover now