Pt.50

1.2K 173 131
                                    

"Tata"

တုံ့ခနဲ ရပ်သွားသောထယ်ယောင်း မယုံနိုင်စွာဖြင့် ဂျင့်ကို လှည့်ကြည့်လိုက်သည်...

အသက်ကို ပြင်းထန်စွာရှုလျက် နာကျင်မှု‌ဒဏ်ကို အံကြိတ်ခံကာ ကြိုးစားပြောလာသည်က Tata တဲ့လား...

ဒါ... ဒါ သူ့ကလေးလေးပဲ သိတဲ့နာမည်လေ... သူ့အရုပ်ကလေးကိုခေါ်တဲ့နာမည်... အရုပ်ကလေးပိုင်ရှင်ဖြစ်တဲ့ သူ့ကို တခါတလေ စိတ်လိုလက်ရရှိရင် ခေါ်တဲ့နာမည်...

သူ့လက်ထဲမှ သေနတ်လွတ်ကျသွားသည်...

နောက်ဆုံးတော့ သူရှာနေခဲ့သည့်ကလေးလေးက ဂျင်ဖြစ်နေသည်တဲ့လား...

ဘယ်လိုလဲ... ဘာတွေလဲ...

မျက်လှည့်ပြသည်ထက် မှော်ဆန်သည့်အဖြစ်အပျက်ကို သူ့ဦးနှောက်က ချက်ချင်းမမီပါ...

၀ုန်း !!

ထိုစဥ် ပြိုကျလာသော အပေါ်မျက်နှာကြက်ကြောင့် Kim Seokjin နှင့် Jungkook တို့ကြား ဖုန်လုံးများလိမ့်တက်လာသည်...

Kim Seokjinရှိနေသည့်ဖက်က အတွင်းဖက်ကျနေ၍ ပိုအန္တရာယ်များသည်...

ထယ်ယောင်းကြောင်ကြည့်နေရာမှ ရုတ်တရက် ဂျင့်အပေါ်ကျလာမည့် မျက်နှာကြက်မှ မီးလောင်အပိုင်းအစတခုကြောင့် သူပြေးသွားကာ ဂျင့်ကိုယ်လေးပေါ် ကာပေးမိသည်...

"Tata... မလုပ်ပါနဲ့နော်... ငါတို့ ဒီကထွက်သွားကြမယ်... Jungkook ကို လွတ်ပေးလိုက်ပါနော်"

ဘုရားရေ... ဒီလို မျက်ရည်လေး၀ိုင်းကာ နှုတ်ခမ်းဖူးဖူးလေး တလှုပ်လှုပ်နှင့်ပြောတတ်တာ သူ့ရဲ့နှစ်ယောက်မရှိတဲ့ ကလေးလေး ကင်မ်လေးပါ...

သူ့ရင်ခွင်ထဲမှ သူ့ကိုမော့ကြည့်နေကာ ဒီလို စိုးရိမ်တကြီးပြောနေတာ သူရူးမတတ်လိုက်ရှာခဲ့ရတဲ့ အပုန်းတော်တဲ့ကင်မ်လေးပဲ...

စီးကျလာသော မျက်ရည်များကြောင့် ထယ်ယောင်း ဘာမှပင်မမြင်နိုင်တော့ပေ...

"အီး ဟီး ဟီး... ကင်မ်လေး... အီးဟီး ဟီး"

သူ့ကင်မ်လေးကိုဖက်ပီး သည်းထန်စွာငိုမိပီ...

သတိလွတ်တချက် မလွတ်တချက် ဖြစ်နေသော Jungkookကတော့ သူနှင့်မလှမ်းမကမ်းမှာ Kim Seokjinကိုဖက်ပီး ကင်မ်လေးလို့‌ခေါ်ကာ ငိုနေသည့်ထယ်ယောင်းအသံကြောင့် သူမကြာသေးခင်ကမှ ကင်မ်လေးသေပီလို့သိထားလို့ ဆောက်တည်ရာမရဖြစ်ခဲ့ရတာလေ...

Another Side Of Me [taejinkook] ✅Onde histórias criam vida. Descubra agora