Pt.17

1.5K 170 16
                                    

Kim Seokjin ကိုဖက်ကာ တရေးလောက်အရင်အိပ်လိုက်ချင်သေးသော်လည်း နှပ်မနေတော့ပဲ မလှုပ်တော့သည့် ကိုယ်လေးကိုသာ ဆတ်ခနဲပွေ့ချီ၍ ရေချိုးခန်းထဲခေါ်လာပီး bathtub ထဲထဲ့ကာ ရေနွေးသွက်သွက်စပ်ပေးပီး သန့်ရှင်းရေးလုပ်ပေးနေမိသည်... 

ထိုကောင်လေး၏နှုတ်ခမ်းလေးများပင် အနဲငယ် ဖြူရော်သလိုဖြစ်နေ‌သောကြောင့် သူထိတ်ထိတ်ပြာပြာဖြစ်ရသည်... မျက်၀န်းများကလဲဖျော့တော့နေကာ တကယ့်ကို အားပြတ်သလိုဖြစ်နေသည်... 

“Kim.. မင်း.. မင်း အဆင်ပြေရဲ့လား၊ ဘယ်လိုနေလဲဟင်” 

“ဟင်းးး.. ပြောရမယ်ဆို အောက်ထပ်နေရတဲ့ခံစားချက်ပေါ့” 

သူရယ်ရမလို ငိုရမလို ဖြစ်သွားသည်..ဒီလောက် ဖြစ်နေတာတောင် ဒီလိုပြောနေနိုင်သေးသည်...

ဒါပေမဲ့ သူသိပါသည်၊ သူအနေရခက်မှာစိုးလို့၊ သူ့ကိုစိတ်မပူစေချင်လို့၊ သူ့စိတ်တွေ သက်တောင့်သက်သာရှိအောင် ပြောတယ်ဆိုတာ... ဒီကောင်လေးက တကယ့်ကို သူများဖက်သိပ်ကြည့်ပေးသူ...

သန့်ရှင်းရေးလုပ်ပေးနေရင်း  Seokjin ကိုယ်ထဲမှ ပြန်ထွက်လာသော သူထဲ့ပေးလိုက်သည့် အရည်များနှင့် သွေးစအနဲငယ်တချို့... 

“ဟင်.. ကွဲပြန်ပီလား” 

“အင်း” 

“သူများက ပထမတစ်ခါပဲကွဲတာဆို၊ မင်းကျမှ ထပ်ကွဲပြန်ပီလား” 

“အင်း” 

“ငါကအဲ့လိုဖြစ်မှာစိုးရိမ်လို့ သတိထားနေတာကို” 

“ဘာမှမဖြစ်ဘူး၊ နောက်ရက်တွေဆိုသက်သာသွားမှာ ၊ အရင်တခါကလဲ အဲ့လိုပဲဟာ” 

"အာ့ဆို နောက်ရက်‌တွေထပ်နေရင် ဘယ်လိုလုပ်မလဲ ထပ်ကွဲဦးမှာလား” 

“ဟင်.. ထပ်နေဦးမလို့လား?” 

“ဟင်.. မနေရတော့ဘူးလား?” 

“ဟင်…?” 

“ဟင်…?” 

တယောက်ကိုတယောက် ကြည့်ရင်းရယ်မိသည်... ထိုအခိုက်အတန့်၌ သူအရာရာကို မေ့သွားသည်ဆိုတာ ၀န်ခံရမည်ပင်...

~~~~~~~~~××××××××~~~~~~~~~~~

အိပ်ယာခင်းလဲအပြီး၊ အ၀တ်များနွေးနွေးထွေးထွေး၀တ်အပြီး ဘေးတိုက်လှဲအိပ်နေသော Kim Seokjin ဘောင်းဘီလေးထဲ လက်၀င်ကာ နာ‌နေသောနေရာလေးကို ဆေးဖြင့်ဖွဖွလေးလူးပေးနေရင်း ပွတ်ပေးနေ‌တော့ သူ့မျက်လုံးလေးများပိုစင်းလာသည်.... 

Another Side Of Me [taejinkook] ✅Where stories live. Discover now