Pt.4

1.5K 176 16
                                    

"အဆိုတော်လေးရောက်လာပီလား"

"ဟုတ် Father"

ထယ်ယောင်းကားကိုရပ်လိုက်ကာ ဘုရားကျောင်း၀င်းနောက်ဖက်ခြမ်းသို့ လျှောက်သွားလိုက်သည်...

ထိုင်နေကျခုံလေးက မပြောင်းလဲသေး...

ထိုခုံလေးမှာထိုင်ရင်း အနောက်ကပ်ရပ်ခြံရှိမိဘမဲ့‌‌ဂေဟာလေးကိုလှမ်းကြည့်မိသည်...

ရင်ထဲပြည့်တက်လာသော အားငယ်ခြင်း၊ လွမ်းဆွတ်ခြင်း၊ သိမ်ငယ်ခြင်းများက သူ့ကိုလက်ရှိကမ္ဘာကျော်အဆိုတော်ဆိုသည့်အဖြစ်ကို မေ့စေနိုင်လောက်သည်...

သူဘ၀မေ့သည်မဟုတ်သော်လည်း ထိုမိဘမဲ့‌ဂေဟာလေးကို ပြန်မသွားဖြစ်ပါ...မသွားချင်ဘူးဆိုပိုမှန်မည်..

သို့ရာတွင်လည်း စိတ်မွန်းကြပ်လာတိုင်း ထိုနေရာလေးကိုလှမ်းမြင်နေရသည့် ဤဘုရားကျောင်းထဲတွင် လာထိုင်နေမိပြန်သည်... ဤနေရာက သူရုန်းမထွက်နိုင်သောနွံတခုကဲ့သို့ပင်...

~~~~~~~~~~×××××××××~~~~~~~~~~

လွန်ခဲ့သည့် ၁၅နှစ်ခန့်က...

မိုးအုံ့နေသောညနေလေးတွင် မိဘမဲ့ကျောင်းလေးတခုရှိ ကျောင်းရုံးခန်း၌ Mr Jeon ဟုခေါ်သော လူကြီးတယောက်နှင့် ကျောင်းအုပ်ကြီးတို့စကားပြောနေကြသည်...

"Mr Jeon ကင်ထယ်ယောင်းကို မွေးစားဖို့သေချာပီနော်"

"အင်း"

"အဲ့ဒါဆိုရင် ဒီမှာလက်မှတ်တချက်ထိုးပေးပါ"

ရုံးခန်းထဲမှထွက်လာသော Mr Jeon တံခါး၀တွင် ငြိမ်ငြိမ်လေးရပ်နေသော ၈နှစ်သားအရွယ် ကလေးငယ်လေးလက်ကိုဆွဲကိုင်ကာ အပြင်ကားရပ်ထားရာသို့ လျှောက်လာသည်...

ကလေးငယ်လက်ထဲတွင် အနီရောင်အသဲပုံခေါင်းလေးကိုမှ ကိုယ်လုံးကိုအပြာရောင်အကျီလေး၀တ်ထားသည့် ရင်ခွင်ပိုက်အရွယ်အရုပ်လေး...

အပြန်လမ်းတွင်...

"ကင်ထယ်ယောင်း.. မင်းကိုဦးလေးတို့မွေးစားလိုက်ပီ၊ နောက်မင်းဦးလေးတို့နဲ့နေရမယ်၊ ခုတော့ ဆေးရုံကိုသွားရမယ်"

"ဘာဖြစ်လို့လဲဟင်..ဦးလေး"

"ငါ့သားလေးဆေးရုံတက်နေရလို့.. သူ့အနားမှာမင်းနေပေးရမယ်"

Another Side Of Me [taejinkook] ✅Where stories live. Discover now