Pt.28

1.3K 171 31
                                    

ထယ်ယောင်း ရော Kim Seokjin နှင့် လာတွေ့သည့် RM ပါ ပြေးလာကြတော့ မြင်ရသည့်မြင်ကွင်းက သွေးပျက်စရာ...

ထယ်ယောင်းသူ့မျက်လုံးတောင် သူမယုံနိုင်ပေ၊ ပြေးလာနေရင်းကို ရင်ဆို့ရသည့်မြင်ကွင်း...

ကြမ်းပြင်‌ပေါ်မှာ ပက်လက်ဖြစ်နေသည့် Kim Seokjin ပေါ် Jungkook ကအုပ်မိုးလျက်...

သူ့ပေါ်တွင်လဲ မီးဆိုင်းကြီးက ပိလျက်...

အချွန်အတက်တွေ မပါပေမဲ့ အပေါ်ကနေအလေးကြီး ဆောင့်ကျလာသည့် အရှိန်နှင့် မီးလုံးအသေးတွေ ကွဲကုန်လို့ အကျီပေါ်စိုက်နေတာများ အင်္ကျီသာအဖြူရောင်ဆိုရင် သွေးချင်းချင်းနီနေမည့် ကျောပြင်ကိုမြင်ကြမည်အမှန်ပင်...

"ကူး !!!"

"Kim လေး !!!"

ပြိုင်တူအော်ကာ ပြေးလာကြရင်း Jungkook နှင့် Kim Seokjin ကို အသီးသီးဆွဲထူကြလေသည်...

ခုထိ သွေးပျက်ကာ ကြက်သေသေနေသည့် Kim Seokjin ကို RMပွေ့ချီကာ ဘေးသို့ အသာရွှေ့ပီး သူ့ရင်ခွင်ထဲထွေးပိုက်ကာ...

"Kim လေး.. သတိထားလေ Kim လေး"

ပါးလေးကို အသာပုတ်ကာ သတိပေးနေသည်...

ထိုစဥ် manager နှင့်ကျန်သူများကလဲ Jungkookကို မချီကြကာ ဆေးရုံကားဆီသို့ပြေးလေသည်...

~~~~~~~~~~×××××××××~~~~~~~~~~

"ငါ့အမှားတွေပါကူး..ဟင့်..ဟင့်..ဒါပေမဲ့ ငါ့ကိုခွင့်မလွတ်ပါနဲ့၊ ဘာလို့လဲဆိုတော့ ငါအသက်ရှင်နေသရွေ့ Kim Seokjin ကို တိုက်ခိုက်မှာမို့ပဲ"

ဆေးအရှိန်၊ အနာအရှိန်ဖြင့် မေ့မြောနေသော Jungkook လက်ကို ဖွဖွဆုပ်ကိုင်ကာ ထယ်ယောင်းပြောနေမိသည်...

သူ့မျက်စိရှေ့ မြင်ရသောမြင်ကွင်းကို သူတသက်မမေ့နိုင်ပေ...

အဲ့လောက်တောင် Kim Seokjin ကို ချစ်သည်လား... အဲ့မှာ မတော်တဆသေသွားမယ်ဆိုရင်တောင် အသက်ပေးပီးချစ်သည်လား...

ရင်နာစရာကောင်းလိုက်တာ... သူ့က Jungkook ရဲ့ငယ်ချစ်ဦးနေရာမှာ အစားထိုးချစ်ခံရတယ်ဆို တော်သေးတယ်၊ Kim Seokjin က ဘာမို့လို့လဲ...

တွေးရင်းနှင့်ပင် ဒေါသများအလိပ်လိုက်တက်လာသည်...

ထိုစဥ် အခန်းရှေ့မှ ခြေတစ်စုံပြန်လှည့်ထွက်သွားသည်ကို သူမသိလိုက်ချေ...

Another Side Of Me [taejinkook] ✅Where stories live. Discover now