Pt.35

1.5K 195 75
                                    

Jungkook accident ဖြစ်ပီး အရေးပေါ်ဆေးရုံတင်ရသည့်နေ့က...

Kim Seokjin သူ့လက်ပေါ်စွန်းနေသေးသည့် Jungkook၏ သွေးအချို့ကိုပင် ပြောင်အောင်မသုတ်နိုင်သေးပဲ တုန်ယင်နေဆဲ ခန္ဓာကိုယ်ကို မနဲသယ်ကာ Jungkook ရှိရာဆေးရုံသို့ လိုက်လာစဉ် Jungkook မေ့မျောနေရာအခန်းရှေ့အရောက် တံခါးအသာဟပီး၀င်ရန်အပြု...

"ငါ့အမှားတွေပါကူး..ဒါပေမဲ့ ငါ့ကိုခွင့်မလွတ်ပါနဲ့၊ ဘာလို့လဲဆိုတော့ ငါအသက်ရှင်နေသရွေ့ Kim Seokjin ကို တိုက်ခိုက်မှာမို့ပဲ"

သူ့နားသူပင်မယုံနိုင်ချေ... ဒီကိစ္စနောက်ကွယ်က တရားခံက ကင်မ်ထယ်ယောင်းတဲ့လား...

သူ့ရင်ထဲဆို့တက်လာကာ ခဲဆွဲထားသလို ခြေလှမ်းများပင် ချက်ချင်းမရွေ့နိုင်တော့ချေ...

ဒါပေမဲ့ ဘာလို့သူ့ကို.. သူ့ကို တိုက်ရိုက်လာမမေးတာလဲ... သူ့ကို ဓါးနဲ့လာထိုးရင်တောင် သူကျေကျေနပ်နပ်ကြီးခံလိုက်မှာလေ... ဘာလို့ ဒီလိုလုပ်ရတာလဲ... ခု မဆိုင်တဲ့ Jungkook ကိုထိခိုက်သွားပီလေ...

ဘယ်လောက်ပဲ သူရော Jungkook ပါ ကင်မ်ထယ်ယောင်းကို နာကျင်အောင်လုပ်ခဲ့တယ်ဆိုပေမဲ့ လာမေးပီး လုပ်ချင်တာကို ပြောပါလား...

မယုံကြည်နိုင်ခြင်း၊ တုန်လှုပ်ခြင်းများနှင့်အတူချက်ချင်းအလုပ်မလုပ်နိုင်တော့သော ဦးနှောက်ကြောင့် သူအသာလှည့်ပြန်လာသည် ...

အိမ်ရောက်တော့ သူထိန်းချုပ်ထားသမျှ ငိုချမိသည်...

ငါ့ကို ဒီလိုလုပ်ကြံရုံတင်မကဘူး၊ မင်းကအသက်ရှင်နေသရွေ့တောင် ငါ့ကိုတိုက်ခိုက်မှာတဲ့လား...

ဒါတော့ မင်းများသွားပီ ကင်မ်ထယ်ယောင်း.. ငါမင်းကို ဘယ်လောက်ထိ အလျှော့ပေးထားတယ်ဆိုတာမင်းမသိပဲ ငါ့ကိုလုပ်နေတာတွေများနေပီ...

ငါလဲ အသက်အပိုမပါတဲ့ သာမန်လူပဲမို့ မသေချင်ရင်တော့ ငါ့ကိုငါတော့ကာကွယ်ရမယ်လေ...

နောက်တစ်ခါဆိုရင်တော့ မင်းမွှေးတဲ့မီး ပူမပူမင်းကိုယ်တိုင်စမ်းရမယ်...

ထိုအချိန်မှစ သူထယ်ယောင်းရွှေ့သမျှအကွက်ထဲ အလိုက်သင့်သာနေခဲ့သည် ...သူ့ဖက်ကတော့ ဘာမှကိုမစ ...

Another Side Of Me [taejinkook] ✅Where stories live. Discover now