Pt.22

1.3K 174 26
                                    

ခဏအကြာ ပိုးဟပ်လဲပစ်အပြီး၊ Drum များလဲထားအပြီး Kim Seokjin တို့ ပြန်ထွက်လာကြသည်... 

“Kim PD nim..ညကျရင် VIP club ကို လာဖြစ်အောင်လာနော်၊ Ken Sunbae nim က  သူကိုယ်တိုင်လာခေါ်ချင်တာ လုံး၀မအားလို့တဲ့၊ ကျွန်တော့ကို သေချာပြောခိုင်းလိုက်တယ်” 

ဟင်.. Kim Seokjin က club သွားမလို့လား.. ဘာသွားလုပ်မှာလဲ.. ဟိုဟာ.. အဖော်သွားရှာတာတော့ မဟုတ်လောက်ပါဘူး.. 

သူအတွေးတွေ ယောက်ယတ်ခတ်နေတုန်း ဟို၂ယောက်က ပြန်ထွက်သွားသည်.. 

သွားမယ်လို့ ပြန်ဖြေလိုက်လား၊ မသွားဘူးလို့ ပြန်ဖြေလိုက်လားတောင် မကြားလိုက်ပေ.. 

~~~~~~~~~~~×××××××××~~~~~~~~~

Jungkook တနေကုန် နေလို့မကောင်းပေ.. 

ဘာလို့ Kim Seokjin ကလပ်သွားမှာကို သူနေမထိထိုင်မသာဖြစ်နေတာပါလိမ့်.. သူ့ဖာသာသွားပီး သူကြိုက်တဲ့သူတွေ့ပီး လိုက်သွားတော့ သူ့ကိစ္စမှမဟုတ်တာ.. 

ဟင်း.. ဒါပေမဲ့ သူအဲ့လိုကြိုက်သွားတယ်ဆိုရင် သေချာတာ သူ့ပရောဂမကင်းဘူး.. 

အစကတော့ သူကရိုးသားတဲ့ဖိုးသခွားလေး..  ငါ့ကြောင့် သူအဲ့လိုကိစ္စတွေကို အစွဲကြီးစွဲသွားတာဖြစ်ရမယ်.. 

စွဲလဲဘာဖြစ်လဲ.. သူလဲ အရွယ်ရောက်ပီးသားလူပဲ.. ငါနဲ့မပတ်သက်ရင် ယောင်းငယ်စက်ကွင်းကလဲလွတ်မယ်၊ သူ့အတွက် ပိုတောင်ကောင်းသေးတယ်…

တစ်ယောက်တည်း ကိုယ့်ဖာသာရန်ဖြစ်နေသော Jeon Jungkook နောက်ဆုံး...

အား...မသိတော့ဘူး၊ သူ့နောက်လိုက်သွားမယ်.. လိုက်ချောင်းရုံပဲ၊ ဟုတ်တယ်.. လိုက်ချောင်းရုံပါပဲ.. 

~~~~~~~~×××××××××~~~~~~~~~~~~

“Kim မင်းသောက်တာများနေပီထင်တယ်.. ပြန်ရအောင်လေနော်” 

“ဘူတူလဲ၊ ငါ့ကို သြဇာသီးလာရောင်းနေတာ၊ ငါ့ဖာသာ သောက်တာနဲနဲများများပေါ့” 

မျက်နှာလေးက ပန်းသီးလိုရဲနေပီး မျက်လုံးတောင်မဖွင့်နိုင်တာတောင် ရန်ထောင်နေသော Kim Seokjin ရယ်ပါ.. 

တော်ရုံ သူ့ရဲ့ဒီလိုရယ်ချင်စရာကောင်းလှတဲ့ပုံ မမြင်ဖူးတာမို့ သူ့မှာ ချော့ပြောနေရင်းကို ရယ်ချင်နေမိသည်.. 

Another Side Of Me [taejinkook] ✅Where stories live. Discover now