Pt.21

1.3K 186 25
                                    

“ဟက်... မချစ်ဘူးဆို၊ မချစ်ရင် ဘာတွေပူနေတာလဲ” 

ထယ်ယောင်းငိုနေရာမှ မဲ့ပြုံးပြုံးကာပြောလိုက်သည်... 

“မချစ်ပေမဲ့ သူကအပြစ်မရှိဘူး၊ မဆိုင်တဲ့သူကိုဆွဲမထဲ့ပါနဲ့၊ တော်ပီနော်.. ထပ်ပြောရင် ကိုယ်ပိုစိတ်ညစ်လာမယ်.. အရင်ဆင်းနှင့်တော့မယ်” 

သူထယ်ယောင်းပြန်ပြောတာ မစောင့်တော့ပဲ ချာကနဲသာ လှည့်ထွက်လာလိုက်သည်...

စိတ်ထဲမှာလဲ စိုးရိမ်မှုများစတင်လာသည်.. သူဒီကြားထဲ အနေထိုင်ဆင်ခြင်မှပါပဲ... ယောင်းငယ်သာ Kim Seokjin မှန်းသိသွားရင် ပြဿနာသွားရှာမှာကို သူမလိုလားပါ၊ Kim Seokjin ဖက်ကတော့ အနေတည်သူမို့ ရိပ်မိစရာအကြောင်းမရှိပေ...

ဒါပေမဲ့သူ.. သူကရော.. သွားမပတ်သက်ပဲ နေနိုင်လား... အချစ်မပါပေမဲ့ အထိတွေ့မှတဆင့် စတင်ခဲ့သည့် ဆက်ဆံရေးသည် သူ့အတွက်တော့ သောက်လေသောက်လေငတ်မပြေသည့်ပင်လယ်ရေလိုဖြစ်နေသည်...

ဒီရက်ပိုင်းတွင်လဲ သူ့မှာထိုတောင့်တချက်များမရှိမဟုတ်၊ ရှိသည်.. သူကိုယ်တိုင်လဲ ကိုယ့်ကိုကိုယ်အံ့သြမိသည်.. ဘာလို့များ ချစ်လှပါချည်ရဲ့ဆိုသည့် ချစ်သူတယောက်လုံးကို ဘေးနားမှာထားပီး ထိုစိတ်ဖြစ်နေသလဲဆိုတာ... 

Kim Seokjin ကိုချစ်နေလားလို့ မေးလာရင်ဟင့်အင်းလို့ သူဖြေမှာသေချာသည်.. ချစ်စရာအကြောင်းပြချက်လဲ မည်မည်ရရမရှိပေ...

သို့ရာတွင် တခါတရံသူတွေ့ချင်မိသည်၊ စကားပြောချင်သည်၊ သူ့ဆန္ဒများကို Kim Seokjinနှင့် အတူတူဖြေလျော့ချင်သည်...

သူလဲ ဘာသားနဲ့ထုထားတာမို့လဲ.. သူနှင့်နေနေစဥ် Kim Seokjin ၏ ကျေနပ်အားရနေမည့်ပုံစံလေးကို မြင်ချင်သည်.. ကိုယ့်စွမ်းဆောင်ရည်ကြောင့် တဖက်သူက ဆန္ဒပြည့်၀သွားသည်ကိုမြင်ရရင် ကိုယ့်ဖာသာလဲဂုဏ်ယူချင်တာ ယောက်ျားလေးတိုင်းပဲလို့ထင်သည်...

ခုလိုထယ်ယောင်းနှင့် ပြတ်လုနီးပါဖြစ်နေသည့်အခြေနေမျိုး (သူ့ဖက်က တဖက်သတ်ပြတ်ခြင်း) မှာဆို ပိုပီးမထိန်းချုပ်ချင်ပေ...

သူ့အတွက်‌ Kim Seokjin နှင့် အဆက်သွယ်လုံး၀ဖြတ်ဖို့ဆိုတာ လောလောဆယ်တော့မလွယ်ပါ...

Another Side Of Me [taejinkook] ✅Where stories live. Discover now