Pt.15

1.3K 181 15
                                    

"ငါသွားစရာနေရာမရှိလို့"

ခြောက်ကပ်ကပ်အသံဖြင့်ပြောလာသော Jeon Jungkook...

ညနေကတင် သူ့ကိုအိမ်ပြန်ပို့ပေးသည့်လူနှင့် ဒီလူ တယောက်တည်းဆိုတာမယုံနိုင်စရာ.... လူပုံစံကဖရိုဖရဲ...

တံခါးကို အားပြုပီးတောင် ရပ်နေပုံရသည့်သူ့ပုံစံကြောင့်.....

"အာ.. ၀င်လာလေ"

Seokjin အပေါက်၀မှ အလျင်အမြန် ဖယ်ပေးလိုက်သည်....

သူ့ကိုကျော်ကာ အသက်မရှိသည့်သူလိုလျှောက်သွားပြီး ဆိုဖာပေါ် စိတ်နှင့်လူနှင့် မကပ်စွာ ပစ်ထိုင်ချလိုက်သည်....

"ဘာဖြစ်လာလို့လဲ"

သူနှင့်မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်ကာမေးလာသော Kim Seokjin... ခေါင်းမှ ဆံပင်များ အနဲငယ်စိုနေသေးသည်.... ပုခုံးပေါ်တွင်လဲ ခေါင်းသုတ်လက်စတဘက်နှင့်.....

"ခေါင်းခြောက်အောင်သုတ်လိုက်ဦး"

"အင်း အင်း"

Seokjin အိပ်ခန်းထဲပြန်၀င်သွားရင်း လှမ်းအော်လိုက်သည်....

"ရေခဲသေတ္တာထဲမှာ သောက်စရာတွေရှိတယ်၊ ကိုယ့်ဖာသာ ကြိုက်တာယူ‌သောက်"

ခေါင်းခြောက်အောင် မှုတ်ပီးပြန်ထွက်လာတော့ ဧည့်ခန်းလေးက ရနေကျအနံ့သင်းသင်းလေး Reed Diffuser မှ စတင်ပျံ့လွင့်လာသည်.....

"ဟင်.. ဘာမှမသောက်ဘူးလား၊ ငါတော့ရေနွေးကြမ်းသောက်မယ်"

ခဏအကြာတွင် Chamomile tea အိုးလေးကိုင်ကာ Seokjin ပြန်ထွက်လာသည်...

"ရော့..ဒါသောက်၊ စိတ်ဖိစီးတာသက်သာတယ်"

သူ့ကိုငှဲ့ပေးကာ သူ့မျက်နှာအခြေအနေကိုအကဲခတ်နေပြန်သည်... သူခုချိန်ထိ မလှုပ်မရှက်....

"ဘာဖြစ်လာလို့လဲ Jeon..ငါ့ကိုနားထောင်ပေးစေချင်တာရှိလား"

သူ့ကို စိတ်ရှည်လက်ရှည်စောင့်ကာ မေးနေသော Seokjinကိုကြည့်ပြီး Jungkookရင်ထဲ ၀မ်းနဲမှုများ လှိုက်တက်လာသည် ‌....

ဝေ့သီလာသောမျက်ရည်များကို မြင်မည်စိုးသောကြောင့် ခေါင်းကိုအမြန်ငုံ့လိုက်သည် ....

Another Side Of Me [taejinkook] ✅Where stories live. Discover now