Pt.42

1.3K 186 91
                                    

ဖုန်းလဲမကိုင် အတွေ့လဲမခံသည့် Kim Seokjin၊ ထယ်ယောင်းတောင်းဆိုမှုကြောင့် အိမ်မှာ ညစာလာစားမည်ဆို၍ Jungkook အရမ်းကို စိတ်လှုပ်ရှားနေသည်...

မီးဖိုချောင်ထဲလဲ အကြိမ်၂၀မြောက်၀င်ကာ ချက်သမျှဟင်းတိုင်း ကြက်သွန်ဖြူမပါစေရန်နှင့် အာလူးလုံး၀မပါစေရန် တတွတ်တွတ်လိုက်ပြောနေသည်...

Jungkook ဧည့်ခန်းထဲ ခဏ၀င်အလာ၊ သူရင်းနှီးနေသည့် အငွေ့အသက်ကလေး...

ထယ်ယောင်းဆုပ်ကိုင်ထားသည့်လက်ကို အသာရုပ်လိုက်ကာ သူ့ဖက်ကို ပြန်ကြည့်လာသော ထိုကောင်လေး...

မမြင်ရတဲ့၂ရက် ၃ရက်မှာဘာလို့ အဲ့လောက်တောင် ချောင်ကျသွားရတာပါလိမ့်...

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စကားမပြောဖြစ်ပဲ ငေးကြည့်နေမိသည်...

"ငါဂျင့်ကို ငါ့အခန်းထဲလိုက်ပြမလို့... မင်းစားစရာ check နေတယ်မလား... ဆက်လုပ်လေ"

ထယ်ယောင်း ခပ်ဆောင့်ဆောင့်ပြောကာ ဂျင့်လက်ကလေးကိုဆွဲပီး သူ့အခန်းထဲခေါ်လာလေသည်...

"ထိုင်‌ဦးနော်ဂျင်... စားစရာတွေ ခင်းကျင်းနေတုန်းမို့ ဒီမှာ ကိုယ်ငယ်ငယ်ကပုံ‌တွေထဲ့ထားတဲ့အယ်လ်ဘမ်စာအုပ် ခဏကြည့်နေနော်... မဆာသေးဘူးမလားဟင်"

"ဟင့်အင်း"

သူ့ကုတင်ပေါ်ထိုင်နေရင်း သူ့ကိုလှမ်းကြည့်ကာ ပြန်‌ဖြေလာသောဂျင်သည် သူတယုတယ သိမ်းထားချင်နေသော ကောင်လေးသာ...

ဒီညတော့ သူဘယ်လောက်ဂရုစိုက်ကြောင်းပြရမှာပါ...

သူ့ငယ်ဓါတ်ပုံတွေကို ကြည့်ကာရယ်လိုက်၊ သူ့ကိုပြန်မေးလိုက် လုပ်နေသောဂျင့်ကြောင့် သူ့မှာ ထိုအခိုက်အတန့်လေးကို ရပ်ထားချင်မိသည်...

ထိုစဥ် မတ်တပ်ရပ် လျှောက်ကြည့်နေရင်း မှန်ဗီဒိုထဲမှာ အရုပ်ကလေးတခုကို လှမ်းကိုင်လိုက်သောဂျင်၊ ကိုင်မိပီးမှ သူ့ကို ခွင့်တောင်းသလိုလေး ကြည့်လာသည်...

ထိုအရုပ်ကလေးကို တခြားဘယ်သူထိထိ ခွင့်မလွတ်နိုင်သောသူသည် ဂျင့်ကိုတော့ အပြစ်မမြင်ရက်အောင် ချစ်မိနေပြီဖြစ်သည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now