Pt.30

1.6K 196 43
                                    

📱Jungkook မင်း ငါ့ကိုဖုန်းလည်း ပြန်မခေါ်ဘူး

📱အင်း.. ကိုယ်အရမ်းအလုပ်များနေလို့၊ မှာစရာရှိတာ manager nim ကို မှာခဲ့လို့ရတယ်လေ

📱ငါက မင်းနဲ့ပြောချင်လို့ ဆက်တာလေ

📱အင်းပါ၊ ကိုယ် နည်းနည်းပင်ပန်းနေလို့  ဖုန်းပြန်မခေါ်နိုင်တာပါ

📱ဒါပေမဲ့ ငါထပ်ခေါ်တော့ တခါတလေ မင်းဖုန်းမအားပါဘူး

📱ဟူး.. ကိုယ်ဒီမှာ အလုပ်ကိစ္စနဲ့ ပြောနေရလို့ပါကွာ

📱မင်း..

📱ယောင်း.. ကိုယ်ပြန်လာတော့မှ အေးဆေးပြောကြတာပေါ့၊ ခု ဒီမှာက သိတဲ့အတိုင်း  schedule အရမ်းကျပ်နေတာ

တောက် !!

Jungkook ထပ်ပြောတာကို နားမ‌ထောင်တော့ပဲ ထယ်ယောင်း ဖုန်းကို ဒေါသတကြီးချလိုက်သည်...

သေချာတာက Jungkook ရဲ့လေသံမှာ သူ့ကို ငြိုငြင်နေသလို ခံစားနေရသည်..

ဒါတွေအကုန် Kim Seokjin ကြောင့်.. ထိုသူနဲ့သာဆိုရင် Jungkook ဒီလိုပြောမှာ မဟုတ်ဘူး...

ရင်ထဲဆို့တက်လာ‌သော ခံပြင်းမှုနှင့်အတူ  ဒေါသများကအပြည့်..

ဒီဒေါသတွေကို ဖြေလျှော့စရာတစ်နေရာပဲရှိသည်..

~~~~~~~~~~×××××××××~~~~~~~~~~

"ဟင် ထယ်ယောင်း.. ဒီကို သင်တန်းလာတက်တာလား"

"ဟင် ဟုတ်တယ်.. Hyung လဲ ဒီမှာ လာတက်တာလား"

"ဟုတ်တယ်.. ကိုယ်က Kim လေးနဲ့လာတာ"

"အာ.. Hyung တို့ ပန်းအလှဆင်တာ ၀ါသနာပါမှန်းမသိဘူး"

"သြော်.. မဟုတ်ပါဘူး.. Omma မွေးနေ့ကျရင် ညီအကို၂ယောက် စပရိုက် ကိုယ်တိုင်လုပ်ပြီး ပေးချင်လို့လေ"

"သြော်"

"ထယ်ယောင်းတယောက်တည်းမလား၊  Jungkook လဲ မပြန်လာသေးတော့"

"ဟုတ်တယ် ပျင်း‌နေလို့၊ ဒီက ပန်းအလှဆင်သင်တဲ့ဆရာနဲ့က သူငယ်ချင်းလေ"

"သြော် အဆင်ပြေတာပေါ့.. ကိုယ်တို့ အတူထိုင်လို့ရတယ်"

"ဟုတ်ကဲ့"

စကားတပြောပြောနှင့် သင်တန်းစ,ရာအခန်းထဲ၀င်လိုက်တော့ ဆံပင်ခရမ်းရောင်‌လေးနဲ့ လှချင်တိုင်းလှနေသော Kim Seokjin ရယ်...

Another Side Of Me [taejinkook] ✅Where stories live. Discover now