Pt.39

1.5K 186 35
                                    

📱Kim Seokjin shi ဖုန်းလားမသိဘူး

📱ဟုတ်ပါတယ်... ဘယ်သူပါလဲ

📱ကျွန်တော်က Nightingale Bar က၀န်ထမ်းပါ၊ ဒီမှာ Idol ကြီး Kim Taehyung မူးပီး နှိုးမရလို့ သူတို့ကုမ္မဏီက ဘယ်တာ၀န်ရှိတဲ့သူကိုခေါ်ရမှန်းလဲမသိတာနဲ့ သူရွတ်ပေးတဲ့ အကို့နံပါတ်ကိုခေါ်လိုက်တာ၊ သူ့ကို လာခေါ်ပေးလို့ရမလားမသိဘူး

 📱ဟုတ်ကဲ့

သူစိတ်ရှုပ်စွာ ခေါင်းတချက်ကုတ်လိုက်သည်… 

Jungkook ဖုန်းကိုလဲ လှမ်းခေါ်ကြည့်သည်… သူတို့ကတစ်အိမ်ထဲနေတာမို့ သွားခေါ်ပေးနိုင်ရင် ကောင်းမည်…  Jungkook သာဆိုလျှင် လိုလိုလားလား သွားခေါ်ပေးမှာ သေချာသည်… 

သို့ရာတွင် Jungkook ဖုန်းမကိုင်ပေ… 

Jeon ဘာလုပ်နေလဲမသိဘူး… စောစောစီးစီးအိပ်သွားပီလားမသိဘူး… ထယ်ယောင်းမန်နေဂျာဆီဆက်ကြည့်မှပဲ… 

📱ဟုတ် Kim PD nim ပြောပါ

📱ထယ်ယောင်း Bar မှာ မူးပီးအိပ်ပျော်နေလို့တဲ့၊ manager nim သွားခေါ်ပေးပါလား 

တဖက်မှ အသံတိတ်သွားသည်… 

📱အမ်... အားတော့နာတယ် Kim PD nim...  ကျွန်တော် ခု Seoul မှာမရှိဘူးဗျ… ခွင့်ယူပီး ကလေးတွေနဲ့ခရီးလမ်းမှာ

📱ဟုတ်လား

📱Kim PD nim ပဲ အဆင်ပြေရင်သွားခေါ်‌ပေးပါလား… သူနဲ့လဲ တွဲနေပီမလား

သြော်… အရောက်ပို့ချင်လို့ငြင်းနေတာကိုး…

ရှည်ရှည်‌ဝေးဝေးမပြောချင်တာနှင့်… 

📱ဟုတ်..ရပါတယ်… အဲ့ဒါဆိုလဲ ကျွန်တော်ပဲသွားခေါ်လိုက်ပါ့မယ်

ကားသော့ယူကာထွက်လာလိုက်သည်… 

~~~~~~~~~~~~×××××××××~~~~~~~~~~~

“ဂျင်လေး… ကိုယ့်ဂျင်လေးလာပီ” 

မူးနေပေမဲ့ သူ့ကိုမြင်တော့ မြူးထူးနေပြန်သည်...

ထယ်ယောင်းကိုယ်လုံးကို မနိုင်မနင်းတွဲကာဘားအပြင် ခေါ်ထွက်လာပြီး ကားထဲထဲ့လိုက်သည်… 

ဟင်း… ပစ်ထားမယ်လို့တွေးပေမဲ့လဲ မပစ်ထားဖြစ်ပါ၊ နောက်ဆုံးတော့လဲ… 

Another Side Of Me [taejinkook] ✅Where stories live. Discover now