တဆတ်ဆတ်တုန်နေသေးသည့်ဒူးအပြင် နှလုံးသားပါ ခုန်ပေါက်ထွက်မတတ်လန့်သွားမိကာ အမိုးအစွန်းသို့ ထယ်ယောင်းပြေးသွားမိသည်...
"ဂျင်!!"
အော်ခေါ်ရင်း သူ ဂျင့်ကိုဆွဲဖက်ကာ အောက်ကိုဆွဲချတော့ ဂျင်ကမငြင်းပဲ သူ့ဖက်လှည့်လာသည်... နားထဲမှာ AirPod နှင့်...
သူ AirPod ကို အလျင်စလိုဖြုတ်လိုက်ပြီး...
"ဂျင်... ဂျင်ရယ်... ဘာလို့ အဲ့မှာထိုင်နေတာလဲကွာ... အန္တရာယ်များလိုက်တာ"
သူ့ကိုကြည့်နေသောဂျင်သည် အရင်ကတွေ့နေကျ နူးနူးညံ့ညံ့အကြည့်များရှိမနေပေ... အမိုးပေါ်မှ တိုက်နေသောလေအေးနှင့်အပြိုင် အကြည့်များက အေးစက်နေသည်...
သူ့ရင်ထဲ အကြောက်တရားတစ်ခုပင် စိမ့်၀င်လာသလို...
"ဘာပြောမလို့လဲ ထယ်"
အကုန်လုံးက အေးစက်နေသည်... ဂျင့်လေသံလေးလည်း အေးစက်နေသည်... ဘာတွေဖြစ်ကုန်တာလဲ...
"ဂျင် US ကိုအပြီးပြန်တော့မယ်ဆို"
မဟုတ်ပါစေနဲ့ဟု အကြိမ်ကြိမ်ဆုတောင်းရင်း သူ,မပြောချင်သည့် စကားပြောလိုက်သည်...
"အင်း"
သူ့ကိုမကြည့်ပဲ ခေါင်မိုးစွန်းဖက်ပြန်လှည့်ကာ အောက်ကိုငုံ့ကြည့်နေတော့ သူ့ရင်မှာတထိတ်ထိတ်...
"ဘာလို့လဲ... ဘာလို့လဲ ဂျင်"
"ဒီလိုပါပဲ... ဒီမှာလည်း အချိန်တခုလောက်ထိ နေပြီးပြီဆိုတော့ ခု ပျင်းလာလို့... မိဘတွေရှိတဲ့ အဲ့ဒီမှာပဲ ပြန်သွားနေတော့မလို့"
"ရုတ်တရက်ကြီးဂျင်ရယ်"
"အင်း ဒီလိုပါပဲ...ကိုယ် အဲ့ဒီမှာ Volunteer လုပ်ချင်တာလေးတွေလည်းရှိတော့လေ"
သူ့ကိုသူ ဂျင်ဟု မသုံးနှုန်းတော့တာကို ထယ်ယောင်း သတိထားမိလိုက်သည်...
မသိရင် တခြားလူတယောက်လို ပြောင်းသွားသလိုပဲ... သူသိတဲ့ဂျင် ဘယ်ရောက်သွားတာပါလိမ့်...
တနေ့ကတင် သူနဲ့အတူငိုကြွေးခဲ့တာ... သူ့ကို ပြန်လိုက်ပို့ပေးခဲ့တာ...
YOU ARE READING
Another Side Of Me [taejinkook] ✅
Fanfictionလူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...