ကားပါကင်မှ ဂျင့်ကွန်ဒိုအခန်းထိ ထယ်ယောင်း ပွေ့ချီလာပြန်သည်...
လမ်းလျှောက်မည် အတင်းပြောသော်လည်း စိတ်မချသောသူ၊ တတ်နိုင်ရင် သေးသေးလေးလုပ်ပီး ကြုတ်ကလေးထဲသာ ထည့်ဆွဲထားချင်မိသူက ပေးမလျှောက်ပေ...
တော်သေးသည်၊ ညနက်နေပီမို့ တခြားအခန်းက လူတွေလဲမထွက်လာကြလို့...
အခန်းထဲရောက်တော့...
"အိပ်ခန်းကဘယ်ဖက်မှာလဲဂျင်"
"ဟိုဖက်"
သူ့ရင်ခွင်ကို ခေါင်းလေးမှီထားရာကမထပဲ လက်ညှိုးလေးဖြင့်သာ ထိုးပြရာနေရာသို့ ပွေ့ချီလာခဲ့သည်...
ခဲရောင်ဖျော့ဖျော့သုတ်ထားသော အိပ်ခန်းလေးသည် သူ့မျက်လုံးထဲတွင် အနဲငယ်အထီးကျန်ဆန်နေသလို...
ဖြူဖြူနွဲ့နွဲ့ဂျင်သည် မိန်းကလေးအနဲငယ်ဆန်မည် ထင်ခဲ့သောထယ်ယောင်းသည် ဂျင့်အိပ်ခန်း၊ ဧည့်ခန်း အပြင်အဆင် အရောင်ကြောင့် ထင်ထားတာနှင့် လွဲနေသည်ကိုသတိထားမိသည်...
ခပ်မှိန်မှိန်မီးလုံးနှင့် ရိုးရှင်းသော အခန်းအပြင်အဆင်သည် ဂျင် ဘယ်လို သီးသန့်တယောက်တည်း နေတတ်သည်ကို ပြနေသလို...
"ဒါဆို ကိုယ်ပြန်တော့မယ်နော် ဂျင်.. ကောင်းကောင်းလေး နားလိုက်နော်"
သူ ဂျင့်ကို တချက်ခပ်တင်းတင်း ဖက်လိုက်ပီး လှည့်ထွက်ရန်အပြုတွင်...
"ထယ်"
သူ့ကို ခပ်တိုးတိုးခေါ်လိုက်သံ...
"ဟင်"
သူ့လှည့်ကြည့်လိုက်တော့ ဂျင် သူ့ကိုကြည့်မနေပေ...
ကြမ်းပြင်သို့ ငေးစိုက်ကြည့်နေရင်းက...
"ထယ် ဒီည မပြန်လို့ရမလားဟင်"
"ဟင်"
သူရင်တွေ တဒိတ်ဒိတ်ခုန်လာသည်...
သူနားကြားမှားတာလား... ဂျင်က သူ့ကိုဂျင့်နားမှာနေခွင့်ပြုတယ်လား...
"ရ...ရတာပေါ့"
စကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်မိသည်...
![](https://img.wattpad.com/cover/337995979-288-k755260.jpg)
YOU ARE READING
Another Side Of Me [taejinkook] ✅
Fanfictionလူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...