Pt.37

1.4K 188 94
                                    

“ကျွန်တော်ခု Kim PD nim ကိုသဘောကျ‌တယ်”

Seokjin ရော Jungkook ပါ ကြက်သေ,သေလျက်… 

ဒီလောက်မြန်မြန် အဆင့်တက်လာသည်က မထူးဆန်းပေမဲ့ ထယ်ယောင်း ဒီလိုကြီးအကုန်လုံးရှေ့ ဖွင့်ပြောမည်ကို ကြိုမတွက်ထားမိသည်ကတော့ တကွက်ကျန်သွားသည်… 

Kim Seokjin ဒီတစ်ခါတော့ ဟန်ပင်မဆောင်နိုင်ပဲ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အလျက်… 

~~~~~~~~~××××××××××~~~~~~~~~~~

Jungkookတယောက် သူ့ကိုအတင်းဆွဲကာ အကကျင့်ရာအခန်းအပြင်သို့ ထွက်လာသော  Jimin နှင့် Jhope တို့ကြောင့် အပြင်သို့ ဘယ်လိုရောက်လာမှန်းပင်မသိချေ… 

စိတ်ထဲမှာလဲ ခံစားချက်တို့က မျိုးစုံရောပြွန်းလျက်… 

သေချာတာက အကြောက်တရားတစ်ခု သူ့ရင်ထဲစိမ့်၀င်နေသည်… ဘာလဲတော့မသိ… 

“Jungkook.. ပြောပါဦး..ဘယ်လိုဖြစ်တာလဲ”

“ငါတို့လဲ ဘာမှမသိရပါလား” 

“အာ.. အင်း ...ဒီလိုပဲဖြစ်သွားတာ” 

“မင်းတို့က သိပ်ချစ်ကြတဲ့ ငယ်ချစ်တွေ‌လေ”

“အင်း” 

“ထယ်ယောင်းဖောက်ပြန်တာတော့ မဟုတ်ဘူးမလား” 

“မဟုတ်ပါဘူး.. သူက ဘယ်တုန်းကမှ မဖောက်ပြန်ဘူး” 

သူထယ်ယောင်းကိုတော့ အထင်မလွဲစေချင်...

“အဲ့ဒါဆို မင်းလား” 

“ငါလဲ မဟုတ်ဘူး” 

“အဲ့ဒါဆို ဘယ်လိုဖြစ်တာတုန်း” 

Jimin ခမျာ လိုက်မမှီနိုင်ဖြစ်နေရှာသည်...

“ထယ်ယောင်းပုံစံက အတည်ကြီးနော်” 

“ဟုတ်ပ... အဲ့ဒါမို့ မင်းမရှိတုန်းက Kim PD nim ကို အသေအလဲကပ်နေတာကိုး” 

တယောက်တပေါက်ပြောနေသော  Jimin တို့ကြောင့် Jungkook ပိုစိတ်ညစ်လာသည်…  ဘာလုပ်လို့ လုပ်ရမယ်မှန်းလဲမသိ...လမ်းလုံး၀ပျောက်နေမိသည်… Kim Seokjinရော ခုချိန် ဘယ်လိုဆုံးဖြတ်မလဲ သိချင်နေမိသည်… 

ထိုစဥ် Jiminတို့ အကုန်လုံး သူတို့နေရာသူတို့ပြန်သွားကြတော့ စောနက တခွန်းမှ၀င်မပြောသည့် RM က…

Another Side Of Me [taejinkook] ✅Where stories live. Discover now