Pt.20

1.3K 198 31
                                    

💬 Kim သက်သာလား၊ နေရောကောင်းရဲ့လား

မနေနိုင်စွာ စာထပ်ပို့လိုက်တော့ seen ပြပီးနောက် typing.... ဟုပေါ်နေသည်...

သူစိတ်လှုပ်ရှားစွာ စောင့်နေမိသည်... အိမ်သာတက်မရဘူး ပြောမလို့လား.. အာ့ဆို ငါဘယ်လိုလုပ်ရပါ့၊ ဆေးသောက်ရင် သက်သာမလားမသိ၊ အဲ့လိုသက်သာတဲ့ ဆေးရှိလားမသိဘူး..

သူဇောချွေးများပင်ပြန်လာကာ လက်သည်းကိုကိုက်ရင်း ဖုန်းကိုကြည့်နေမိသည်..

ခဏအကြာ စာပြန်၀င်လာသောကြောင့် သူကမန်းကတန်းကြည့်လိုက်သည်.. ရင်လဲတထိတ်ထိတ်နှင့်ပေါ့..

ပြန်စာက၃လုံးတည်း...

💬 အေးဆေးပဲ

သူဖင်ထိုင်ရက်ပင် လျှောကျသွားသည်..

တောက်.. ငါပြောနေတာ Kim Seokjin ဆိုတာမေ့‌မေ့သွားတယ်.. သူနားမလည်တဲ့စာအုပ်ကြီး... ထင်တာနဲ့တခြားစီ ဖြစ်ဖြစ်သွားတဲ့အခြေနေပိုင်ရှင်..

သူ့ကို အမျိုးမျိုးမှောက်လိုက်လှန်လိုက် လုပ်နိုင်တဲ့သူ...

ဟူး... အဲ့လိုသွားစွပ်စွဲရင်လဲ မင်းကိုယ့်ဒုက္ခကိုရှာတာမဟုတ်ဘူးလားဟု အေးဆေးပြန်ပြောပေဦးမည်...

ဘယ်သူက မင်းကို လာမှောက်လိုက်လှန်လိုက်လုပ်လို့လဲဟူသော အကြည့်မျိုးပေးလိမ့်မည်...

မေးမိလို့ ရလိုက်သည့် နောင်တအနဲငယ်ကို ထွေးပိုက်ကာ အမှတ်မရှိ ထပ်မေးလိုက်သည်...

💬 ဘာမှမဖြစ်ဘူးဆိုရင် company တော့သွားနိုင်တယ်ပေါ့၊ လာကြိုမယ်လေ

💬 ငါ့ကားပြန်ကောင်းသွားပီ

အေးရော...

💬 ok ပါ.. အာ့ဆိုနောက်မှတွေ့မယ်

💬 အင်း

သူဖုန်းပိတ်လိုက်ရင်း နောက်လှည့်လိုက်ရာ သူ့ကိုစိုက်ကြည့်နေသော ယောင်းငယ်..

"ဘယ်သူလဲ.. သူနဲ့ပြောနေတာလား"

သူ့မှာ မကောင်းသည့်အကျင့်က စိတ်ကျဥ်းကျပ်တာမခံနိုင်ပေ...

"ယောင်းငယ် ကိုယ့်ကိုအဲ့လိုမလုပ်နဲ့နော်၊ ကိုယ်ပွင့်ပွင့်လင်းလင်းပြောပီးသား၊ ယောင်းငယ်ဆန္ဒအတိုင်းလုပ်ဖို့ ကိုယ်လက်ခံပီးသား။ ဆက်တွဲချင်သည်ဖြစ်စေ၊ မတွဲချင်ဘူးဖြစ်စေ.. ဒါပေမဲ့ ကိုယ့်ကိုလဲ အသက်ရှုခွင့်ပေးပါ၊ ကိုယ့်မှာ ပြန်မဆက်သေးတဲ့နှလုံးသားရှိသေးတယ်၊ healing လုပ်ဖို့လိုတယ်"

Another Side Of Me [taejinkook] ✅Wo Geschichten leben. Entdecke jetzt