Pt.57

1.2K 200 126
                                    

တနေ့ Jungkookက Dr Janကို ဆိုင်းမဆင့် ဗုံမဆင့်ပြောလာသည်...

"ကိုယ် ကင်မ်လေးရဲ့ ငယ်ငယ်ကပုံလေးတွေ  ကြည့်ချင်တယ်"

"ဟင်"

Jan အနည်းငယ် အကျပ်ရိုက်သွားသည်...

ဟုတ်သည်လေ... သူ့ပုံက Kim Seokjinရဲ့ပုံမှမဟုတ်တာ.. Jan ဆိုသည့် သူ့ပုံတွေကိုး...

သူ အနည်းငယ်တွန့်ဆုတ်နေတာကို ရိပ်မိပုံဖြင့် Jungkook က...

"ကိုယ် ဘာမှမမေးပါဘူး... ဒီတိုင်းပဲ ကင်မ်လေး ငယ်ငယ်တုန်းကဆိုရင် ဘယ်လိုရုပ်ကလေးလဲဆိုတာ သိချင်တာပါ"

သူသိလိုက်ပါပြီ... Jungkookက young Kim Seokjin ကို မြင်ဖူးချင်တာ.. ဒါပါပဲ..

သူ့အနေဖြင့် မလိုက်လျောနိုင်စရာမရှိသည်မို့  ပြရန်စိတ်ကူးလိုက်သည်..

"ပုံတွေက ဟိုခေတ်ကဖလင်နဲ့ ရိုက်ပေးတာမို့  Album စာအုပ်ထဲမှာရယ်"

"အင်း"

"Appaတို့ကလည်း အသက်ကြီးပြီမို့ ပုံတွေကို scan ဖတ်ပြီး emailနဲ့ပို့ဆိုရင် ပို့တတ်မှာမဟုတ်ဘူး"

"အင်း"

"ဒီလိုလုပ်ပါလား Jeon... USကို အလည်လိုက်ခဲ့လေ... ကိုယ်လည်း ကိစ္စလေးရှိလို့ခဏပြန်ရမှာ"

"အင်း"

"အိမ်မှာတည်းပေါ့၊ စိတ်ပြေလက်ပျောက်လည်းဖြစ်အောင်.. အားနာစရာမလိုပါဘူး"

"အင်း အင်း"

ဒီလူ့ကြည့်တာ သူ့ငယ်ငယ်ကပုံမြင်ရဖို့ဆို  အကုန်လိုက်လုပ်ပေးမည့်ပုံပဲ...

~~~~~~~~~~~××××××××××~~~~~~~~~~~

US သို့ လေယာဥ်ဘီးလုံးချလိုက်သည်နှင့် သူနှင့်ကင်မ်လေး၏ ပထမဦးဆုံးသောတွေ့ဆုံမှုကို သတိပြန်ရကာ ရင်ခွင်ကအောင့်ခနဲ...

Dr Jan ၏အိမ်ကိုရောက်တော့ သူ့မိဘများကလည်း ဖော်ရွေကြပါသည်... သူ့ကိုလည်း  နွေးနွေးထွေးထွေးဆက်ဆံကြသည်...

ညဖက်ကြီးရောက်သွားသည်မို့ ညစာခပ်သွက်သွက်စားကာ ရေချိုးသန့်စင်ပြီး သူ့အတွက်ပေးထားသည့် အိပ်ခန်းထဲ၀င်သွားကာ နားနေရင်း Dr Jan လာပေးသည့်  ငယ်ငယ်ကပုံများကို ကြည့်နေမိသည်..

Another Side Of Me [taejinkook] ✅حيث تعيش القصص. اكتشف الآن